ကစားသမားကို ချီးကျူးမှုတွေပြုလုပ်ခဲ့ပါတယ်။

လီဗာပူးလ်နဲ့ စာချုပ်သစ်ကိစ္စမှာ လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့တဲ့ တိုက်စစ်မှူးမိုဟာမက်ဆာလာနဲ့ပတ်သက်ပြီး အာဆင်နယ်နည်းပြဟောင်းကြီး အာစင်ဝင်းဂါးက ဝေဖန်သုံးသပ်မှုတွေပြုလုပ်လိုက်ပါတယ်။ ၂၀၂၃ နွေရာသီမှာ စာချုပ်သက်တမ်းကုန်တော့မယ့် ဆာလာကို လီဗာပူးလ်က စာချုပ်သစ်အတွက်ကမ်းလှမ်းခဲ့ပေမယ့် အီဂျစ်တိုက်စစ်မှူးက လုပ်ခလစာပိုမိုတောင်းဆိုမှုတွေပြုလုပ်ထားတာဖြစ်ပါတယ်။

ဆာလာက တပတ်လုပ်ခ ပေါင်လေးသိန်းအထိ တောင်းဆိုထားတယ်လို့ သိရပြီး လက်ရှိအချိန်ထိတော့ အဆင်မပြေသေးပါဘူး။ ရော်နယ်ဒို၊ မက်ဆီတို့နဲ့လည်း ဝင်းဂါးက နှိုင်းယှဉ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး လီဗာပူးလ်ရဲ့ အောင်မြင်မှုတွေမှာ ဆာလာနဲ့ မာနေးက အရေးပါတဲ့ အစိတ်အပိုင်းတွေဖြစ်ခဲ့တယ်လို့လည်း ချီးကျူးခဲ့ပါတယ်။ 

"ပေါင်လေးသိန်းလား? အခြေအနေတိုင်းက ကွဲပြားခြားနားပြီး သီးခြားစီပါ၊ ကစားသမားရဲ့ ဆေးမှတ်တမ်းကို ကြည့်ပါ၊ တပွဲမှမလွဲချော်ဘူး၊ ဒါဆိုစာချုပ်ချုပ်လိုက်ပါ၊၊ ဒါတွေက ရုပ်ပိုင်းဆိုင်ရာပေါ်မူတည်ပါတယ်၊ သူက မြန်ရင်လည်း အရမ်းမြန်တယ်၊ နည်းနည်း သူ ဆုတ်ယုတ်ရင်တောင်မှ မြန်နေတုန်းပဲ၊ မိုဆာလာက ဒါကိုလုပ်နိုင်တယ်၊ တကယ်လို့ သူက နှေးကွေးလာတယ်၊ အကန့်အသတ်ဖြစ်လာပြီဆိုရင်တော့ စာချုပ်မချုပ်နဲ့တော့"

"သူက ရော်နယ်ဒိုနဲ့ မက်ဆီကို ရောစပ်ထားသလိုပဲ၊ သူက ဘောလုံးနဲ့အတူပြေးနိုင်ပြီး နောက်ဆုံးပေးပို့မှုတွေကိုလည်း လုပ်ပေးနိုင်တယ်၊ သူက နောက်ဆုံးဘောလုံးပေးပို့မှုတွေမှာဆိုရင် အရမ်းတိုးတက်လာတယ်၊ အာဖရိကဖလားမှာဆိုရင်လည်း သူက ကမ္ဘာ့အကောင်းဆုံးဆိုတာ ပိုသေချာခဲ့ပါတယ်၊ ဒီရာသီ သူ့သွင်းဂိုးတွေကို ကျနော်တွေ့တယ်၊ တကယ်ထူးခြားပါတယ်၊ သူ့ကိုယ်ပိုင်ဟန်နဲ့ပါ"


"ဆာလာနဲ့ မာနေးကို လီဗာပူးလ်တို့ လက်လွှတ်လို့မရဘူး၊ ဘာလို့လဲဆိုတော့ သူတို့က လီဗာပူးလ်နဲ့အတူ ကြယ်ပွင့်တွေဖြစ်လာပြီး သူတို့ရဲ့ သမိုင်းမှာ အခု အစိတ်အပိုင်းဖြစ်နေလို့ပါ" လို့ ဝင်းဂါးက ပြောဆိုခဲ့ပါတယ်။ ဆာလာကတော့ လီဗာပူးလ်ကတော့ ဂိုးပေါင်း၁၅၀ ကျော်အထိ သွင်းယူပေးထားပြီးဖြစ်ကာ ဒီရာသီမှာဆိုရင်လည်း ပြိုင်ပွဲစုံ ၂၈ ဂိုးအထိ ရရှိထားပြီးဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က