ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဆာဒီယိုမာနေးဟာ အသင်းဖော် လီရွိုင်ဆာနေးကို ထိုးကြိတ်ခဲ့တာကြောင့် မျက်နှာမှာ ဒဏ်ရာရရှိခဲ့ကာ သွေးထွက်တဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အပြီးမှာ သူတို့နှစ်ဦးကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အသင်းဖော်တွေက ဝိုင်းဖျန်ဖြေခဲ့ရတယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။
မာနေးရဲ့ လက်သီးအစွမ်းကြောင့် ဆာနေးဟာ နှုတ်ခမ်းကွဲခဲ့ရပြိး သွေးထွက်ခဲ့တာပါ။ အဝတ်လဲခန်းအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကွင်းအတွင်းမှာကတည်းက အငြင်းပွားနေမှုတွေကို အဆုံးမသတ်နိုင်ခဲ့ဘဲ နောက်ဆုံးမှာ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေပါ ဖြစ်ခဲ့ရကာ ဘိုင်ယန်အတွက်တော့ မျက်နှာပျက်စရာဖြစ်ခဲ့ရပါတယ်။
အင်္ဂလန်က ပြန်လာပြီး မြူးနစ်လေဆိပ်ကိုရောက်ချိန်မှာတေ့ မာနေးကို လေဆိပ်ကနေ သီးသန့်ခေါ်ထုတ်သွားခဲ့ရပြီး ဆာနေးကတော့ အသင်းဘတ်စ်ကားနဲ့ လိုက်ပါသွားခဲ့တယ်လို့လည်း သိရပါတယ်။ ကွင်းအတွင်းမှာ ကစားပုံနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေရှိခဲ့ကာ အဝတ်လဲခန်းထဲအရောက်မှာ ထပ်မံဖြစ်ပွားခဲ့ဟန်ရှိပါတယ်။
ဘိုင်ယန်မြူးနစ်ကတော့ ဒီကိစ္စအတွက် ဘယ်လိုမှတ်ချက်မျိုးမှ ပြောဆိုထားခြင်းမရှိပါဘူး။ အဆိုပါပွဲမှာ ဘိုင်ယန်က ၃-၀ နဲ့ အရေးနိမ့်ခဲ့ပြီး အသင်းကစားပုံကလည်း ဆိုးရွားလွန်းခဲ့ပါတယ်။ မြူးနစ်မှာ ကစားရမယ့် ဒုတိယအကျော့မှာ ဘိုင်ယန်တို့ အားကုန်ထုတ်ရတော့မှာဖြစ်ပြိး ဒိလိုအခြေအနေမျိုးမှာ အသင်းတွင်း ကစားသမားအချင်းချင်း ထိုးကြိတ်ခဲ့တဲ့အထိ ဖြစ်ခဲ့ရလို့ စိတ်ပျက်စရာတော့ ကောင်းခဲ့မှာ အမှန်ပါပဲ။