အဒေါ်ဖြစ်သူ ဆုံးပါးခဲ့တယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဖော် ဆာဒီယိုမာနေးနဲ့ ထိုးကြိတ်ခဲ့ရတဲ့အထိ ဖြစ်ပျက်ခဲ့တာဟာ သူ့ရဲက အဒေါ်ဖြစ်သူ ဆုံးပါးခဲ့တာကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်နေချိန်မှာ ကျူးလွန်မိခဲ့တာလို့ ဆာဒီယိုမာနေးက ပြောဆိုလိုက်ပါတယ်။ မိသားစုနဲ့ အမြဲတမ်းနီးနီးကပ်ကပ် နေထိုင်လေ့ရှိတဲ့ မာနေးဟာ အဒေါ်ဖြစ်သူသတင်းကြောင့် စိတ်ထိခိုက်ခဲ့ရပြီး ကွင်းအတွင်းမှာပါ သက်ရောက်မှုတွေ ရှိနေခဲ့တာဖြစ်ပါတယ်။ 

မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲမတိုင်ခင်မှာကတည်းက မာနေးရဲ့ အဒေါ်က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းကို မာနေးက ဘယ်သူ့ကိုမှမပြောပြခဲ့ဘဲ ရေငုံနှုတ်ပိတ်နေခဲ့ပြီး ဆာနေးနဲ့ ပြသနာတက်ပြိးတဲ့နောက်မှသာ ဖွင့်ပြောခဲ့လို့ ဘိုင်ယန်အသင်းဖော်တွေလည်း အံ့အားသင့်နေတယ်လို့ ဆိုပါတယ်။ 


လက်ရှိမှာတော့ မာနေးဟာ အသင်းဖော်ကို ထိုးကြိတ်ခဲ့လို့ အသင်းဘက်က သူ့ကို တပွဲပယ်ပြစ်ဒဏ်ချမှတ်ထားပြီး ဒီနေ့ကစားရမယ့် ဟော့ဖန်ဟိမ်းနဲ့ ပွဲကို လွဲချော်မှာဖြစ်ပါတယ်။ မာနေးဘက်က အခုလိုမျိုးဖွင့်ဟခဲ့ပြီးနောက် ဆာနေးကလည်း သူ့ရဲ့ စကားပြောမဆင်ခြင်ခဲ့မှုတွေအတွက် တောင်းပန်ခဲ့တယ်လို့ သိရကာ နှစ်ဦးနှစ်ဖက်ကြား အပြန်အလှန်တောင်းပန်ခဲ့ကြပြီး ကျေအေးသွားကြပြီလို့လည်း သိရပါတယ်။ 

မာနေးကလည်း အသင်းဖော်တွေရှေ့မှာပဲ သူ့အဒေါ်ဆုံးပါးခဲ့လို့ စိတ်ပိုင်းဆိုင်ရာအခြေအနေထိခိုက်ခဲ့ပြီး ဒီလိုတွေဖြစ်ခဲ့တဲ့အပေါ် တောင်းပန်ခဲ့ပါတယ်။ ဆာနေးဟာ မာနေးရဲ့ ထိုးကြိတ်မှုကြောင့် နှုတ်ခမ်းကွဲဒဏ်ရာရရှိခဲ့ပြီး အသင်းဘက်ကလည်း လိုအပ်တဲ့ အရေးယူမှုတွေပြုလုပ်ခဲ့ပြီဖြစ်တာကြောင့် ဘယ်လိုပြသနာမျိုးမှမရှိတော့ဘူးလို့ ယူဆရပါတယ်။ 


Share

Loading Next Article...
က္က