ဆန်ချိုကို အားပေးခဲ့တာပါ။

ဒေါ့မွန်မှာ ဆန်ချိုနဲ့ အတူ တွဲကစားခဲ့ဖူးတဲ့ တိုက်စစ်မှူး ဟာလန်းက သူ့ရဲ့ ဘော်ဒါဟောင်းနဲ့ ရပ်တည်ပေးနေကြောင်းကို ဆိုရှယ်မီဒီယာကတစ်ဆင့် အသိပေးခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ဘွန်ဒက်စ်လီဂါကလပ်မှာ တော်တော်လေး အတွဲညီခဲ့တာပါ။



ဟာလန်းနဲ့ ဆန်ချိုတို့ရှိခဲ့တဲ့ ဒေါ့မွန်တိုက်စစ်ပိုင်းက ပြိုင်ဘက်အသင်းတိုင်းအတွက် အိပ်မက်ဆိုးဖြစ်ခဲ့ပြီး လက်ရှိမှာတော့ နှစ်ယောက်စလုံးက မန်ချက်စတာမြို့ခံအသင်းတွေမှာ ရောက်ရှိနေကြတာဖြစ်ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ် နွေရာသီမှာ မန်စီးတီးကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့ အဓိက,ကစားသမား ပင်တိုင်ဂိုးသွင်းရှင်အဖြစ် ခြေစွမ်းပြလျက်ရှိပါတယ်။ ဒါပေမယ့် ဆန်ချိုကတော့ ယူနိုက်တက်မှာ ရုန်းကန်နေရပါတယ်။
အဆိုပါ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမားဟာ ယူနိုက်တက်မှာ နည်းပြ တန်ဟက်ခ်နဲ့ ပြဿနာဖြစ်ပွားခဲ့ပြီးနောက် အသင်းကြီး လူစာရင်းကနေ ထုတ်ပယ်ခံထားရတာပါ။ ဆန်ချိုသာ တန်ဟက်ခ်ကို ပြန်လည်တောင်းပန်ခဲ့ရင် ဒီကိစ္စက ပြေလည်သွားမှာဖြစ်ပေမယ့် ကစားသမားဘက်ကတော့ ခေါင်းမာနေဆဲပါ။

လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာတော့ ဆန်ချိုက သူ တောက်ပခဲ့ဖူးတဲ့ ဒေါ့မွန်ကို ပြန်လည်ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပြီး ယူနိုက်တက်ကလည်း ဒီကစားသမားကို အသင်းကနေ ရှင်းထုတ်ဖို့ အသင့်ရှိနေပါတယ်။ ဒီအချိန်မှာပဲ ဟာလန်းက သူ့ရဲ့ ဆိုရှယ်မီဒီယာကတစ်ဆင့် ဆန်ချိုနဲ့ ဂျာမန်ဖလားဆွတ်ခူးခဲ့တဲ့ပုံကို တင်ကာ “အချို့ကစားသမားတွေက ဒီလိုပါပဲ” လို့ ရေးသားပြီး အသင်းဖော်ဟောင်းနဲ့အတူ ရှိနေကြောင်း ပြသသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က