ဒီရာသီမှာ ဆန်ချိုက ၂ ဂိုးရရှိထားပြီးပါပြီ။

လက်စတာကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ယူနိုက်တက်အတွက် တလုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့တဲ့ ဂျေဒန်ဆန်ချိုက အများကြီးတိုးတက်လာဦးမှာဖြစ်ပြီး အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ပါဖြစ်လာနိုင်တယ်လို့ နည်းပြတန်ဟက်ဂျ်က ချီးကျူးပြောဆိုလိုက်ပါတယ်။ ဆန်ချိုကတော့ အသင်းအတွက် အရေးပါတဲ့ အဖိုးတန်သွင်းဂိုးကို ပထမပိုင်းမှာကတည်းက သွင်းယူခဲ့ပြီး အဆိုပါဂိုးကြောင့်ပဲ ယူနိုက်တက်တို့ အဝေးကွင်းမှာ ၃ မှတ်ရရှိခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ ရုန်းကန်ခဲ့ရတဲ့ ဆန်ချိုက ဒီရာသီအစောပိုင်းမှာ ပုံမှန်ကစားခွင့်ရနေသလို သွင်းဂိုးတွေလည်း ရရှိနေတာပါ။ ရာသီအစ ၅ ပွဲမှာပဲ ဆန်ချိုက ၂ ဂိုးသွင်းယူထားနိုင်ပြီး (လီဗာပူးလ်၊ လက်စတာတို့ကို သွင်း) ပြီးခဲ့တဲ့တရာသီလုံးသွင်းယူခဲ့တဲ့ ၃ ဂိုးကို သေချာပေါက်ကျော်လွန်နိုင်တော့မှာဖြစ်ကာသူ့ရဲ့ ယူနိုက်တက်ကစားသမားဘ၀ ဒုတိယရာသီမှာ ပိုမိုခြေစွမ်းပြနိုင်တော့မယ်လို့လည်း မျှော်လင့်ရပါတယ်။ 



လက်စတာနဲ့ပွဲအပြီးမှာတော့ တန်ဟက်ဂျ်က "သူ့အတွက် ကောင်းမွန်တဲ့ရာသီကြိုခရီးစဉ်တခုကို ရခဲ့တယ်လို့ထင်တယ်၊ အခုဆိုရင် ရုပ်ပိုင်းဆိုင်ရာမှာ သူ ရင်းနှီးမြုပ်နှံရမယ်ဆိုတာ နားလည်ပြီး သူလုပ်ခဲ့တဲ့အရာအတွက် ဆုတွေပြန်ရနိုင်သလို ဒါတွေက သူ ယူဆောင်လာရမယ့်အရာတွေပါ၊ အခု သူ ဒါတွေကို စတင်နေပြီလို့ ကျနော်သေချာပြောရဲတယ်၊ သူ့ရဲ့အလားအလာနဲ့ တိုးတက်မှုတွေအတွက် နေရာတွေအများကြီးရှိနေပါသေးတယ်"

"သူ့ရဲ့ ဖန်တီးနိုင်စွမ်းတွေ၊ ဂိုးတွေသွင်းယူမှုတွေနဲ့ ပံ့ပိုးကူညီနိုင်လို့ သူက ပိုပြီးတော့တောင် အရေးကြီးပါသေးတယ်၊ ခံစစ်ပိုင်းမှာလည်း သူ ယူရမယ့် တာဝန်တွေရှိနေပါသေးတယ်၊ သူက ထိပ်တန်းဂိုးသွင်းရှင်ဖြစ်လာနိုင်တယ်လို့လည်း ကျနော်ထင်တယ်၊ သူ့မှာ လုပ်နိုင်စွမ်းအားရှိပြီး မတူညီတဲ့လိဂ်မှာလည်း သူ လုပ်ပြခဲ့ပြိးပါပြီ၊ ဒါပေမယ့် ဒါက ပရီးမီးယားလိဂ်ပါ၊ ဒီတော့ ပြင်းထန်မှုပိုများတဲ့အတွက် စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာမှာ လိုက်လျော့ညီထွေဖြစ်နေလို့တော့လိုပါတယ်"

"အဲဒီအရည်အချင်းတွေလည်း သူ့မှာရှိပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ ဆန်ချိုကိုယ်တိုင်ကလည်း ယူနိုက်တက်မှာ သူ ပိုပြီးတော့ သက်တောင့်သက်သာရှိလာပြီလို့ ခံစားနေရကြောင်းကို ပွဲအပြီးမှာပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ၃ ပွဲဆက်အနိုင်နဲ့အတူ အဆင့် ၅ နေရာအထိကို ရောက်ရှိလာခဲ့ပြီး ဝေဖန်သံတွေကို ချေဖျက်ပြနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က