ဆန်ချိုက တန်ဟက်ခ်ကို လူသိရှင်ကြားတုံ့ပြန်ခဲ့တာပါ။

ယူနိုက်တက်အသင်းဖော်တွေဟာ ဆန်ချိုရဲ့ အပြုအမူနဲ့ ပတ်သက်လို့ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရကြောင်း သိရှိရပါတယ်။ ဆန်ချိုဟာ လက်ရှိအချိန်မှာ နည်းပြ တန်ဟက်ခ်နဲ့ ပြဿနာဖြစ်ပွားနေပြီး အသင်းဖော်တွေကလည်း ဆန်ချိုကို အပြစ်မြင်နေကြတာပါ။



တန်ဟက်ခ်ဟာ အာဆင်နယ်ကို ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဆန်ချိုရဲ့ လေ့ကျင့်ရေးကွင်းက စွမ်းဆောင်ရည်တွေကို လူသိရှင်ကြား ဝေဖန်ပြောကြားခဲ့ပါတယ်။ ဆန်ချိုကတော့ တန်ဟက်ခ်ရဲ့ ပြောစကားတွေကို ချက်ချင်းဆိုသလိုပဲ လူမှုကွန်ရက်ကနေ တုံ့ပြန်ခဲ့ပြီး မဟုတ်တဲ့ ပြောစကားတွေကို နားမထောင်ဖို့ အသိပေးခဲ့ပါတယ်။

ဆန်ချိုရဲ့ တုံ့ပြန်မှုကို အများစုက အံ့အားသင့်ခဲ့ကြပြီး သူနဲ့ တန်ဟက်ခ်အကြား ဆက်ဆံရေးကလည်း ပြိုလဲသွားခဲ့ပါပြီ။ ဒါ့အပြင် ယူနိုက်တက်အသင်းဖော်တွေကလည်း အခုလိုမျိုး နည်းပြကို လူသိရှင်ကြား တုံ့ပြန်ခဲ့တဲ့ ဆန်ချိုနဲ့ ပတ်သက်လို့ စိတ်ပျက်လက်ပျက်ဖြစ်နေကြပြီး ဆန်ချိုအပေါ် ယုံကြည်မှုပျက်ပြားသွားခဲ့ကြောင်း သိရှိရပါတယ်။

သတင်းရင်းမြစ်တွေရဲ့အဆိုအရ တန်ဟက်ခ်ကိုယ်တိုင်ကလည်း ဆန်ချိုအနေနဲ့ ဒီလိုမျိုး မတုံ့ပြန်သင့်ဘူးလို့ ခံစားနေရကြောင်း သိရှိရပါတယ်။ ဒါ့အပြင် တန်ဟက်ခ်အနေနဲ့ ဆန်ချိုကို နောက်တစ်ကြိမ် အခွင့်အရေးထပ်ပေးဖို့လည်း ဖြစ်နိုင်ခြေမရှိတော့ကြောင်း သိရှိရပါတယ်။

ယူနိုက်တက်ဟာ ဆော်ဒီလိဂ်ရဲ့ အပြောင်းအရွှေ့မပိတ်ခင်ကတည်းက ဆန်ချိုကို အသင်းကနေ ရှင်းထုတ်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ အဆိုပါ အင်္ဂလန်ကစားသမားကို တစ်ရာသီအငှားနဲ့ စေလွှတ်ပြီး လာမယ့်နွေရာသီမှာ ယူရိုသန်း (၅၀) နဲ့ အပြီးသတ် ရောင်းထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်းမရှိကြောင်း သိရှိရပါတယ်။ 

Share

Loading Next Article...
က္က