ပြီးခဲ့တဲ့ရာသီမှာ ပြဿနာဖြစ်ပွားခဲ့တာပါ။

လီဗာပူးနည်းပြ ကလော့ပ်က ယူနိုက်တက်နည်းပြ တန်ဟက်ခ်နဲ့ ဆန်ချိုတို့ ပြဿနာဖြစ်ပွားတဲ့ကိစ္စမှာ ဆန်ချိုအနေနဲ့ ဒီလိုအနေအထားမျိုးမှာ နည်းပြဆီက ထောက်ခံမှုကို ရရှိသင့်ကြောင်း ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီအစောပိုင်းမှာ ဆန်ချိုနဲ့ တန်ဟက်ခ်တို့ ပြဿနာဖြစ်ခဲ့တာပါ။



ဆန်ချိုက တန်ဟက်ခ်ရဲ့ အာဆင်နယ်နဲ့ပွဲအပြီး ပြောစကားကို အွန်လိုင်းပေါ်ကတစ်ဆင့် တုံ့ပြန်ခဲ့ရာကတစ်ဆင့် ပြဿနာအစပြုခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း တန်ဟက်ခ်က ဆန်ချိုကို အသင်းလူစာရင်းကနေ ထုတ်ပယ်ခဲ့ပြီး ပထမအသင်းကြီးနဲ့ ပူးပေါင်းခွင့် ပိတ်ပင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာတော့ ဆန်ချိုက အသင်းဟောင်း​ဒေါ့မွန်ကို အငှားနဲ့ ပြန်လည်ပြောင်းရွှေ့သွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဒေါ့မွန်နဲ့အတူ ဆန်ချိုက ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်ထားခဲ့ပြီးဖြစ်ပါတယ်။

ဒီလိုမျိုး ဆန်ချိုနဲ့ တန်ဟက်ခ်တို့ရဲ့ ပြဿနာအပေါ်မှာ ကလော့ပ်က “တကယ်လို့သာ တစ်ကမ္ဘာလုံးက ကစားသမားတစ်ယောက်အပေါ် ယုံကြည်မှုပျောက်ဆုံးသွားပြီဆိုရင် နည်းပြက ကစားသမားရဲ့နောက်မှာ ရပ်တည်ပေးရပါမယ်။ ကျွန်တော်ကတော့ ဒီလိုမျိုး အခြားအသင်းတွေ လုပ်သလို လုပ်နိုင်မှာ မဟုတ်ပါဘူး”

“ကစားသမားတစ်ယောက်ကို ပေါင်သန်း (၈၀) နဲ့ ဝယ်ပြီး သူ့ကို အငှားချတယ်ဆိုတာမျိုးကို ကျွန်တော် မလုပ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဆန်ချိုကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာလည်း အပြီးသတ်ရောင်းချသွားဖို့ စီစဉ်ထားကြောင်း သိရှိရပါတယ်။

Share

Loading Next Article...
က္က