ဆိုဆီဒက်က ကူဘိုကို ပစ်မှတ်ထားနေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဇန်နဝါရီမှာ အသင်းနဲ့ လမ်းခွဲဖွယ်ရှိနေတဲ့ ဂျေဒန်ဆန်ချိုရဲ့ နေရာအတွက် ကစားသမားသစ်တဦး ရှာဖွေနေရာမှာ ဆိုဆီဒက်အတွက် ခြေစွမ်းပြနေတဲ့ ဂျပန်ကြယ်ပွင့် ကူဘိုကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်လာပါတယ်။ ကူဘိုကတော့ လာလီဂါမှာ ထူးရှယ်ခြေစွမ်းပြနေပြီး ဒီရာသီမှာ အားလုံးအံ့အားသင့်အောင် စွမ်းဆောင်ပြနေတာပါ။ 

ဆန်ချိုကကတော့ နည်းပြတန်ဟက်ကို တောင်းပန်မှုလုံး၀မလုပ်သေးတာကြောင့် အသင်းနဲ့ ပူးပေါင်းခွင့် ပိတ်ပင်ခံထားရဆဲ ဖြစ်နေတာပါ။ အသင်းကြီးနဲ့လည်း လုံး၀ပတ်သက်ခွင့်မရသေးဘဲ အသင်းဖော်တွေက နည်းပြကို တောင်းပန်ဖို့အတွက် ဝိုင်းဝန်းတိုက်တွန်းနေပေမယ့် ငြင်းဆန်နေတာကြောင့် ပြသနာက ပိုမိုပြီးတင်းမာသထက် တင်းမာလာနေပါတယ်။ 



The Mirror ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ ဇန်နဝါရီမှာ အင်္ဂလန်တောင်ပံကစားသမားကို လက်လွှတ်ခံတော့ဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့် သိရပါတယ်။ ကစားသမားပြန်လည်ခေါ်ယူဖို့အတွက်ကိုတော့ တာကီကူဘိုက နံပါတ်တစ်ပစ်မှတ်ဖြစ်နေတယ်လို့လည်း သိရကာ ဂျပန်ကစားသမားကို စောင့်ကြည့်လေ့လာမှုတွေလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ 

ဒီရာသီမှာ ကူဘိုက ရီးရဲလ်ဆိုဆီဒက်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၅ ဂိုးသွင်းကာ ဖန်တီးမှု ၂ ကြိမ်ပြုလုပ်ထားပြီး အခွင့်အလမ်းဖန်တီးမှု အများအပြားလုပ်ပေးထားပါတယ်။ သူ့ရဲ့ ခြေစွမ်းပြသမှုကြောင့် အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ကလည်း ပြန်လည်ခေါ်ယူဖို့အတွက် စဉ်းစားနေတယ်လို့ သတင်းတွေထွက်နေကာ ကူဘိုတယောက် ဘယ်ကို ရောက်ရှိသွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ 

Share

Loading Next Article...
က္က