ယူနိုက်တက်ကစားသမားအချို့မှာ ပြဿနာရှိနေတာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ အသင်းမှာရှိတဲ့ ကစားသမားအချို့ရဲ့ ခံယူချက်မမှန်ကန်တာတွေကို သိရှိထားပြီး ဒီအပေါ်မှာ စိုးရိမ်နေရကြောင်း သိရှိရပါတယ်။ လက်ရှိမှာ ယူနိုက်တက်က တန်ဟက်ခ်နဲ့ ဆန်ချိုတို့ရဲ့ ပြဿနာကို အဓိကဦးတည်ဖြေရှင်းနေရပါတယ်။



ဆန်ချိုဟာ တန်ဟက်ခ်ရဲ့ ပွဲပြီးအင်တာဗျူးကို ဆိုရှယ်မီဒီယာကတစ်ဆင့် တုံ့ပြန်ခဲ့ပြီး နည်းပြတန်ဟက်ခ်ကို လူလိမ်တစ်ယောက်အဖြစ် ရည်ရွယ်ထိုးနှက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ တန်ဟက်ခ်က ဆန်ချိုကို အသင်းကြီးနဲ့ ပူးပေါင်းခွင့် ပိတ်ပင်လိုက်ပြီး လက်ရှိမှာ ဆန်ချိုက အသင်းကြီးရဲ့ Facilities တွေကိုတောင် အသုံးပြုခွင့်မရှိတော့ပါဘူး။

ဆန်ချိုနဲ့ တန်ဟက်ခ်ရဲ့ ပြဿနာမှာ ကစားသမားအများစုက တန်ဟက်ခ်ဘက်က ရပ်တည်ပြီး ဆန်ချိုရဲ့လုပ်ရပ်ကို စိတ်ပျက်နေကြပါတယ်။ အချို့ကလည်း ဆန်ချိုအနေနဲ့ အသင်းကို ပြန်လည်တောင်းပန်ပြီး လေ့ကျင့်ခန်းဆင်းခွင့်ရဖို့ တိုက်တွန်းနေပေမယ့် ဆန်ချိုကတော့ ခေါင်းမာနေဆဲပါ။

ဒါ့အပြင် တန်ဟက်ခ်က ယူနိုက်တက်ကစားသမားအချို့ရဲ့ ခံယူချက် မကောင်းမွန်တာကို သိရှိထားပြီး အလားတူ ပြဿနာမျိုးတွေ ထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်နေရတယ်လို့ သတင်းရင်းမြစ်တွေကဆိုပါတယ်။ ယူနိုက်တက်ဟာ ဖာဂူဆန်ခေတ်နောက်ပိုင်းကတည်းက နည်းပြကို ကစားသမားတွေက ပညာပြတယ်ဆိုပြီး နာမည်ထွက်ခဲ့တဲ့ အသင်းတစ်သင်းပါ။

အသင်းရလဒ်ဆိုးနေချိန်မှာလည်း ကစားသမားအချို့က တန်ဟက်ခ်ရဲ့ သူ့တပည့်ရင်းတွေအပေါ် မျက်နှာလိုက်မှုကို မကျေမနပ်ဖြစ်နေပြီး တန်ဟက်ခ်ရဲ့ နည်းဗျူဟာကိုပါ စိတ်ပျက်နေကြောင်း သတင်းထွက်ခဲ့ပါသေးတယ်။ အဲ့ဒါတွေကြောင့်လည်း တန်ဟက်ခ်က အသင်းရဲ့အနေအထားကို စိုးရိမ်နေရတာဖြစ်ပြီး ပြဿနာတွေ ထပ်မံမဖြစ်ပွားဖို့ကိုသာ မျှော်လင့်ရတော့မှာပါ။ 

Share

Loading Next Article...
က္က