ဂျော်ဂျင်ညိုရဲ့ ဘောလုံးထိန်းသိမ်းမှု မသေသပ်ခဲ့တာကြောင့် ဂိုးပေးခဲ့ရတာပါ။

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်ဟာ တနင်္ဂနွေနေ့ညက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ပေးခဲ့ရတဲ့ အဖွင့်ဂိုးအတွက် လူရယ်စရာ ဆင်ခြေကို ပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက စတမ်းဖို့ဒ် ဘရစ်ဂျ်မှာ ဦးဆောင်ဂိုး အရင်သွင်းယူသွားခဲ့တာဖြစ်ပြီး ဂျော်ဂျင်ညိုရဲ့ ဘောလုံးထိန်းသိမ်းပုံ ညံ့ဖျင်းမှုကို ဂျေဒန် ဆန်ချိုက အခွင့်ကောင်းယူပြီး ဂိုးသမား မန်ဒီနဲ့ တစ်ဦးချင်း ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ အီတလီကွင်းလယ်ကစားသမားဟာ ကွင်းလယ်စည်းမှာ ဖျက်ထုတ်လိုက်ရာကနေ လေထဲက ကျလာတဲ့ ဘောလုံးကို ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့ပေမယ့် ၎င်းရဲ့ ဘောလုံးထိန်းသိမ်းမှုက ဆန်ချိုဆီကို တန်းတန်းမတ်မတ် ရောက်ရှိသွားပြီး ယူနိုက်တက်ကြယ်ပွင့်က ၎င်းရဲ့ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။



ဒါပေမယ့်လည်း ဂျော်ဂျင်ညိုဟာ ၎င်းရဲ့အမှားကို ပြန်လည် ပြင်ဆင်တဲ့အနေနဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောကနေတဆင့် အသင်းအတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ နည်းပြ တူဟယ်က အီတလီကြယ်ပွင့်ရဲ့ အမှားနဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

"သူ အခြေအနေကို လွဲမှားစွာ ကောက်ချက်ဆွဲခဲ့တာဖြစ်ပြီး မီးဆိုင်းတွေဆီကနေ ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးခြင်းကို ခံခဲ့ရတဲ့အတွက် အဆုံးမှာတော့ သူ ဘောလုံးကို မမြင်နိုင်ခဲပါဘူး။ အဲဒီလို ဖြစ်သွားခဲ့တာပါ"လို့ ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်ရဲ့ ဆင်ခြေဟာ လူမှုကွန်ရက်က ပရိသတ်တွေကြားမှာ သရော်စရာဖြစ်ခဲ့ပြီး ဂျာမန်လူမျိုးနည်းပြကို လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်နဲ့ နှိုင်းယှဉ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

လီဗာပူးလ်အသင်းနည်းပြဟာ ၎င်းရဲ့နည်းပြဘဝအစောပိုင်းက အသင်းအနိုင်မရခဲ့တဲ့ပွဲစဉ်အတွက် လေပြင်းကို ပြစ်တင်ခဲ့တာက လူသိများခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သရေကျခဲ့ပေမယ့်လည်း ၁၃ ပွဲ ကစားပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးမှာ မန်စီးတီးထက် ၁ မှတ်အသာနဲ့ ဆက်လက်ဦးဆောင်နေဆဲဖြစ်ပါတယ်။

Share

Loading Next Article...
က္က