ဆန်ချိုဟာ မန်စီးတီးကနေ ဒေါ့မွန်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဘွန်ဒက်လီဂါမှာ အကောင်းဆုံးတောင်ပံကစားသမားအဖြစ် ခြေစွမ်းပြခဲ့ကာ သွင်းဂိုးနဲ့ ဖန်တီးမှု အများအပြားရယူနိုင်ခဲ့သူဖြစ်ပါတယ်။
ဒေါ့မွန်အသင်းရဲ့ စီအီးအိုဖြစ်သူဝတ်ဇ်ကီက ယူနိုက်တက်အသင်းမှာ ဆန်ချိုရုန်းကန်နေရတာကို မြင်တွေ့နေရတာက သူ့ကိုနာကျင်မိစေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဆန်ချိုဟာ မန်စီးတီးကနေ ဒေါ့မွန်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဘွန်ဒက်လီဂါမှာ အကောင်းဆုံးတောင်ပံကစားသမားအဖြစ် ခြေစွမ်းပြခဲ့ကာ သွင်းဂိုးနဲ့ ဖန်တီးမှု အများအပြားရယူနိုင်ခဲ့သူဖြစ်ပါတယ်။
ဒီရာသီမှာတော့ ယူနိုက်တက်ကို ပေါင်သန်း ၇၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီး လက်ရှိမှာ သွင်းဂိုးနဲ့ ဖန်တီးမှုတွေမပြုလုပ်ထားနိုင်သလို ပုံမှန်ကစားခွင့်ရဖို့တောင်မှ အခက်တွေ့နေတာဖြစ်ပါတယ်။ ဆိုးလ်ရှားလက်အောက်မှာ ဆန်ချိုက ဘယ်တောင်ပံ နဲ့ ညာတောင်ပံနေရာတွေမှာ ကစားနေရပြီး အသင်းဖော်တွေနဲ့ အချိတ်အဆက်မိဖို့ကို ရုန်းကန်နေရဆဲဖြစ်ပါတယ်။
ဆန်ချိုဟာ ဗီလာနဲ့ပွဲမှာလည်း လူစားလဲပါဝင်ခွင့်သာရရှိခဲ့ပြီး အသင်းအရေးနိမ့်ချိန်မှာ ကယ်တင်နိုင်ခြင်းမရှိခဲ့ပါဘူး။ ယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ ဆန်ချိုခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုထားပြိး ကစားသမားအတွက် အချိန်အနည်းငယ်ပေးရလိမ့်မယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့် ဆန်ချိုကို ပုံမှန်အသုံးမပြုတဲ့အပေါ်မှာ ဝေဖန်မှုတွေလည်းရှိနေခဲ့ပါတယ်။