အေဘရာမိုဗစ်ချ်ရဲ့ ဗြိတိန်တွင်းက ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ခံရတာပါ။

ဗြိတိန်အစိုးရဟာ သူတို့ဒေသတွင်းရှိ ရုရှားသူဌေးတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်ပြီလို့ဆိုပြီး ဒီအထဲမှာ ချဲလ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုတွေလည်း ပါဝင်တယ်လို့ သိရှိရပါတယ်။ အေဘရာမိုဗစ်ချ်ဟာ အရင်တည်းက ဒီလိုမျိုး အရေးယူမှုနဲ့ ရင်ဆိုင်ရမယ်ဆိုတာကို ကြိုတင်သိရှိထားပြီး ဒီအတွက်လည်း ချဲလ်ဆီးကို အမြန်ဆုံးရောင်းချဖို့ ပြင်ဆင်ခဲ့တာပါ။



သတင်းတွေရဲ့ ဖော်ပြချက်အရ ဗြိတိန်အစိုးရဟာ ရုရှားသမ္မတပူတင်နဲ့ အဆက်အသွယ်ရှိနေတဲ့ ရုရှားသူဌေးတွေရဲ့ ဗြိတိန်ဒေသတွင်း ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အေ့ဘရာမိုဗစ်ချ်အပါအဝင် အခြားသောရုရှားသူဌေးတွေရဲ့ပိုင်ဆိုင်မှုတွေလည်း ထိန်းချုပ်ခံရပြီး စုစုပေါင်းတန်ဖိုး ပေါင် (၁၅) ဘီလီယံရှိတယ်လို့ သိရှိရပါတယ်။

အေဘရာမိုဗစ်ချ်အနေနဲ့ ချဲလ်ဆီးကို ပေါင် (၃) ဘီလီယံနဲ့ ရောင်းချဖို့ ပြင်ဆင်ထားပေမယ့် အခု အရေးယူမှုကြောင့် အသင်းကိုရောင်းချနိုင်မှာမဟုတ်တော့သလို ကစားသမားအရောင်းအဝယ်တွေလည်း ပြုလုပ်ခွင့်ရှိတော့မှာမဟုတ်ပါဘူး။ ဒါ့အပြင် ကစားသမားတွေကို စာချုပ်သစ်ချုပ်ဆိုတဲ့ကိစ္စတွေမှာလည်း အဟန့်အတားရှိလာခဲ့ပြီး အက်ဇ်ပီလီကွီတာ၊ ခရစ္စတန်ဆန်နဲ့ ရူဒီဂါတို့ကို ရာသီကုန်မှာ လက်လွှတ်ရပါလိမ့်မယ်။

လက်ရှိအတိုင်း စီစဥ်ထားတဲ့ ပွဲတွေကို ဆက်လက်ကစားခွင့်ရနေမှာဖြစ်ပေမယ့် ရောင်းချထားပြီးဖြစ်တဲ့ တရာသီစာ လက်မှတ်တွေကလွဲလို့ နောက်ထပ်လက်မှတ်အသစ်တွေကို ရောင်းချခွင့်ရှိတော့မှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့်လည်း ချဲလ်ဆီးအတွက်တော့ ဒီပြဿနာက တော်တော်လေးကြီးမားသွားခဲ့ပြီလို့ဆိုရမှာဖြစ်ပြီး အသင်းအနေအထားကို ဆိုးဆိုးရွားရွား ရိုက်ခတ်နိုင်ခြေရှိပါတယ်။

အရင်တည်းက ဗြိတိန်လွှတ်တော်အမတ် ခရစ္စဘရိုင်ယန့်က အေဘရာမိုဗစ်ချ်အနေနဲ့ ချဲလ်ဆီးအသင်းပိုင်ရှင် ဆက်မဖြစ်သင့်တော့ဘူးလို့ ဝေဖန်ခဲ့သလို သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းသိမ်းရမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ ဒီအမတ်ရဲ့ စကားတွေက အခုချိန်မှာ အမှန်တကယ် အကောင်အထည်ပေါ်လာခဲ့ပါတယ်။ 

Share

Loading Next Article...
က္က