ဒီကနေ့ထုတ်ပြန်ကြေညာလိုက်တာပါ။

We Love Kwee Phyo Group ထွက်ပေါ်လာပြီး ၃ ရက်အကြာ လူမှုကွန်ရက်မှာ ပြန့်နှံ့လာတဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ ပတ်သက်ပြီး နောက်ပြောင်နေတဲ့ သူတွေကို အရေးယူဆောင်ရွက်သွားမယ်ဆိုတဲ့ စာဟာ အတုဖြစ်ကြောင်းကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

We Love Kwee Phyo အမည်နဲ့ Facebook Group ထွက်ပေါ်လာပြီး ၃ ရက်ခန့်အကြာမှာ လူမှုကွန်ရက်မှာပြန့်နှံ့လာတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးချုပ်၊စက်တင်ဘာလ(၁၂)ရက်နေ့ရက်စွဲ နဲ့ထုတ်ပြန်ကြေညာထားတဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများအားလုံးသိရှိလိုက်နာရေးကိစ္စ ထုတ်ဆင့်ခြင်းဆိုတဲ့ စာမှာ စာအတုဖြစ်ကြောင်းကိုပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ဒီကနေ့ စက်တင်ဘာ (၁၃)ရက်နေ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြန့်နှံ့နေတဲ့ စာထဲမှာတော့ လူမှုကွန်ရက်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို နောက်ပြောင်ပြောဆိုနေတဲ့ သူတွေကို အရေးယူဆောင်ရွက်သွားမယ်ဆိုပြီး ရေးသားထားတာလည်းဖြစ်ပါတယ်။ ဒီစာကိုတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ထုတ်ပြန်တာမဟုတ်ဘဲ စာအတုသာဖြစ်ကြောင်းနဲ့၊ အခုလိုစာအတုဖြန့်ဝေသူကိုလည်း စုံစမ်းဖော်ထုတ်ပြီး ဥပဒေအရ ထိထိရောက်ရောက်အရေးယူသွားမှာဖြစ်တယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနကထုတ်ပြန်ကြေညာလိုက်ပါတယ်။

We Love Kwee Phyo Group ဟာ လွန်ခဲ့တဲ့ (၃)ရက် (စက်တင်ဘာလ ၁၀ရက်) နေ့ကတည်ထောင်ထားတဲ့ Page တစ်ခုဖြစ်ပြီး အခုဆိုရင် member ပေါင်း တစ်သိန်းလေးသောင်းကျော်ရှိနေပြီဖြစ်ပါတယ်။ ဒီ page မှာဆိုရင်တော့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ ပတ်သက်ပြီး ဓာတ်ပုံတွေကိုနောက်ပြောင်ကျီစယ်တဲ့စကားလုံးတွေနဲ့ ပုံတွေကို ဖြန့်ဝေပေးနေတဲ့ Page တစ်ခုလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က