ပွဲပြီးဖို့ တစ်မိနစ်အလိုမှ လူစားဝင်ကစားခဲ့ရတာပါ။

မနေ့ညက ကစားခဲ့တဲ့ အင်္ဂလန်နဲ့ ဆလိုဗက်ကီးယားတို့ရဲ့ ယူရိုရှုံးထွက် (၁၆) သင်းအုပ်စုအဆင့်မှာ အိုင်ဗန်တိုနေးက ပွဲပြီးခါနီးမှ လူစားဝင်ကစားဖို့ ဆန္ဒမရှိခဲ့ကြောင်း ဆောက်ဂိတ်က ဖွင့်ဟလာပါတယ်။ ဒီပွဲမှာ အင်္ဂလန်က ၂-၁ ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တာပါ။



ပထမပိုင်း (၂၅) မိနစ်ကတည်းက အင်္ဂလန်တို့ ၀-၁ ဂိုးနဲ့ ဦးဆောင်ခံခဲ့ရပြီး ချေပဂိုးရဖို့ နာကျင်အချိန်ပိုအထိ ရုန်းကန်ခဲ့ရတာပါ။ ဒီလိုမျိုး နာကျင်အချိန်ပို ပြီးဆုံးခါနီးမှာ ဆောက်ဂိတ်က တိုနေးကို လူစားလဲထည့်သွင်းကစားခဲ့ပါတယ်။

အဲ့ဒီနောက် နောက်ဆုံးမိနစ်မှာ ဘယ်လင်ဟမ်က နောက်ပြန်ကန်ချက်နဲ့ ချေပဂိုး၊ အချိန်ပိုနာရီဝက်စပြီး စက္ကန့်ပိုင်းအကြာမှာ ဟယ်ရီကိန်းက တိုနေးခေါင်းတိုက်ချပေးတာကတစ်ဆင့် အနိုင်ဂိုးတို့ကို သွင်းယူပေးခဲ့ပါတယ်။ ပွဲအပြီးမှာ ဆောက်ဂိတ်က “ပွဲပြီးဖို့ တစ်မိနစ်လောက်အလိုမှ တိုနေးကို ကွင်းထဲထည့်ဖို့ လုပ်တဲ့အပေါ် သူစိတ်ပျက်တယ်ဆိုတာ မေးခွန်းထုတ်စရာမရှိပါဘူး”

“သူက အသင်းအတွက် ကြီးမားတဲ့ သက်ရောက်မှုဖြစ်ခဲ့ပြီး ဒုတိယဂိုးကို ကြည့်လိုက်ပေါ့။ အဲ့ဒီအချိန်မှာ လူစားလဲတယ်ဆိုတာကလည်း နောက်ဆုံးအံစာတုံးကို ပစ်လိုက်တာပါပဲ။ တိုနေးတစ်ယောက် ဘောလုံးမထိဘဲနဲ့တောင် ပွဲပြီးသွားနိုင်တယ်လေ။ ကျနော် တိုနေး စိတ်ပျက်တာကို နားလည်ပါတယ်”

“ကျနော်လည်း ကစားသမားတစ်ယောက်ကို ဒီလိုမျိုး အချိန်မှထည့်လိုက်တာကို မကြိုက်ပါဘူး။ ဒါပေမယ့် တိုနေးက ကြီးမားတဲ့ အပြောင်းအလဲတစ်ခုကို လုပ်ပေးနိုင်မယ်ဆိုတာကို ကျနော် ခံစားမိခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က