(၂၀၂၆) ကမ္ဘာ့ဖလားအထိ အင်္ဂလန်မှာ ဆက်ရှိစေချင်တာပါ။

အင်္ဂလန်နဲ့ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားက လက်ရှိ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကို (၂၀၂၆) ခုနှစ် ကမ္ဘာ့ဖလားအထိ လက်ရွေးစင်အသင်းမှာ ဆက်ရှိစေလိုကြောင်း ပြောကြားလိုက်ပါတယ်။ ဆောက်ဂိတ်ကို ယူနိုက်တက်နည်းပြအသစ်အဖြစ် ခန့်အပ်ဖို့ ပစ်မှတ်ထား စဉ်းစားနေကြောင်း သတင်းတွေက ဖော်ပြလျက်ရှိတာပါ။



ဆောက်ဂိတ်ဟာအင်္ဂလန်ကို ယူရိုဗိုလ်လုပွဲ၊ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တို့အထိ ပို့ဆောင်ပေးခဲ့ဖူးတဲ့ နည်းပြလည်းဖြစ်ပါတယ်။ ဆောက်ဂိတ်ရဲ့ လက်ရှိ အင်္ဂလန်နဲ့ စာချုပ်သက်တမ်းက လာမယ့် ဒီဇင်ဘာလမှာ သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ယူနိုက်တက်က ဒီနည်းပြကို အဲရစ်တန်ဟက်ခ်နေရာအတွက် စိတ်ဝင်စားနေကြောင်း သတင်းထွက်ပေါ်လာခဲ့တာပါ။

မက်ဂွိုင်းရားကတော့ “ကျွန်တာ်တို့ ဆောက်ဂိတ်ကို အင်္ဂလန်မှာ သေချာပေါက် ဆက်ရှိစေချင်ပါတယ်။ ကျွန်တော် သူနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရှိပြီး နိုင်ငံအလိုက်အနေနဲ့ အောင်မြင်တဲ့ တိုးတက်တဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။ သူ ကိုယ်တိုင်လည်း ကျွန်တော်နဲ့ အတူတူပဲ ပြောမယ်ထင်ပါတယ်”

“အရေးကြီးတာကတော့ ဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့ပါပဲ။​ယူရိုပြိုင်ပွဲတွေအပြီးမှာ ဘာဖြစ်မယ်ဆိုတာ ကျွန်တော် မသိသလို သူကိုယ်တိုင်လည်း သိနေမယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါပေမယ့် သူ စွမ်းဆောင်ခဲ့သမျှတွေ၊ ကျွန်တော်တို့ကို ဆွဲတင်လာခဲ့တဲ့လမ်းကြောင်းတွေအရ သူက ကျွန်တော်တို့အတွက် ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ”

“တကယ်လို့ ဆောက်ဂိတ်ကသာ ကျွန်တော်တို့ကို အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်တယ်ဆိုရင် ကျွန်တော်တို့ကလည်း သူ့ကို အသင်းမှာ တတ်နိုင်သလောက် အချိန်ကြာကြာ ဆက်ရှိနေဖို့ ဆန္ဒရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဆောက်ဂိတ်ရဲ့ အနာဂတ်ကိုတော့ လာမယ့်နွေရာသီမှာ ကစားမယ့် ယူရိုပြိုင်ပွဲအပြီးမှသာ ဆုံးဖြတ်သွားဖို့ရှိပါတယ်။

Share

Loading Next Article...
က္က