ဖိုဒန်နဲ့ ဘယ်လင်ဟမ်ကို အင်္ဂလန်ကွင်းလယ်မှာ တွဲသုံးဖို့ တိုက်တွန်းနေတာပါ။

ယူနိုက်တက် နောက်ခံလူဟောင်းကြီး ရီယိုဖာဒီနန်က မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ အက်စတွန်ဗီလာပွဲက ဖိုဒန်ရဲ့ ဗီဒီယိုမှတ်တမ်းတွေကို ဆောက်ဂိတ်ဆီ ပေးပို့ဖို့ ပြောကြားသွားခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးက ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဖိုဒန်တစ်ယောက်တည်းက ဟက်ထရစ်သွင်းယူပေးခဲ့တာပါ။



ဒီနိုင်ပွဲကြောင့် မန်စီးတီးတို့ အမှတ်ပေးဇယားရဲ့ အဆင့် (၂) နေရာကို ယာယီတက်လှမ်းထားနိုင်ခဲ့ပါတယ်။​ ဒီပွဲမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဟာလန်းနဲ့ ဒီဘရိုင်းတို့နှစ်ယောက်စလုံးကို အနားပေးခဲ့ပြီး ဖိုဒန်က ကွင်းလယ်ဖန်တီးရှင်နေရာမှာ ဝင်ကစားကာ ခြေစွမ်းပြခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဘရိုင်း ပါဝင်တဲ့ပွဲတွေမှာ ဖိုဒန်က တောင်ပံကို ထွက်ကစားရလေ့ရှိပေမယ့် မနေ့ညကပွဲမှာတော့ ကွင်းလယ်ဖန်တီးရှင်အဖြစ် ခြေစွမ်းပြခဲ့ကာ အသင်းအတွက်လည်း ဟက်ထရစ်ပါ သွင်းယူပေးနိုင်ခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ဖာဒီနန်က “အင်္ဂလန်အတွက်တော့ တော်တော်လေး ကောင်းသွားပါပြီ”

“သေချာတာတစ်ခုက ဖိုဒန်ကလည်း ဗဟိုကွင်းလယ်လူနေရာမှာ ကစားနိုင်ပါတယ်။ ဒါက လက်ရှိအချိန် သူ့ကို ဘယ်နေရာ ထားကစားရမလဲဆိုတဲ့ မေးခွန်းအတွက် အဖြေပါပဲ။ အခု ဒီပွဲက အခြေအနေတွေက အဖြေပေးသွားပါပြီ။ ဒီဗီဒီယိုမှတ်တမ်းတွေကို ဆောက်ဂိတ်ဆီ ပို့လိုက်စမ်းပါဗျာ။ ပြီးရင် နားထောင်၊ ဒါမျိုး ဘယ်သူလုပ်ပြနိုင်သေးလဲလို့ မေးလိုက်စမ်းပါ”

“ဒကလန်ရိုက်စ်က ကွင်းလယ်အထိုင်မှာ၊ ဖိုဒန်နဲ့ ဘယ်လင်ဟမ်တို့က ကျနတဲ့ ကွင်းလယ်နှစ်နေရာအတွက်။ နံပါတ် (၈) နဲ့ (၁၀) နေရဦအတွက် ထိပ်တန်းအသင်းတွေ ဘယ်လို ကစားနေလဲ ကြည့်လိုက်ပါဦး။ အာဆင်နယ်ရော၊ မန်စီးတီးရော ဒါမျိုးလုပ်နေတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က