လင်ဂတ်ကတော့ ယူရို- ၂၀၂၀ အပြီးသတ်လူစာရင်းမှာ မပါဝင်ခဲ့တဲ့အပေါ် ပြန်ပြောင်းပြောပြလာတာပါ။

ယူနိုက်တက်နဲ့အင်္ဂလန်လက်ရွေးစင် ကစားသမား လင်ဂတ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ကျင်းပခဲ့တဲ့ ယူရို- ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်ရဲ့ လူစာရင်းမှာ ပါဝင်ခွင့်မရခဲ့တာကြောင့် ငိုကြွေးခဲ့ရတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။



လင်ဂတ်ဟာ ပြီးခဲ့တဲ့ (၂၀၂၀-၂၁) ဘောလုံးရာသီ၊ ဒုတိယရာသီဝက်မှာ ဝက်စ်ဟမ်းကို အငှားနဲ့ သွားကစားပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် လင်ဂတ်တစ်ယောက် ယူရိုပြိုင်ပွဲနွှဲခွင့်ရမယ်လို့ သူကိုယ်တိုင်ရော၊ ပရိသတ်တွေကပါ ယုံကြည်ခဲ့တာပါ။

ဒါပေမယ့် တကယ်တမ်း အပြီးသတ် လူစာရင်းထုတ်ပြန်ချိန်မှာတော့ နည်းပြ ဆောက်ဂိတ်က လင်ဂတ်ကို ချန်လှပ်ခဲ့ပြီး အဲ့ဒီအချိန်က ခံစားချက်ကို လင်ဂတ်က အခုလိုပဲပြောပြလာခဲ့ပါတယ်။

လင်ဂတ်က “ပြီးခဲ့တဲ့ဇွန်တုန်းကပေါ့။ ကျွန်တော်က ယူရိုပြိုင်ပွဲဝင် နောက်ဆုံး (၂၆) ယောက်စာရင်းမှာ ပါနိုင်မယ်လို့ တွေးခဲ့တာပါ”

“ဂါရတ်ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ကျွန်တော်လေးစားပါတယ်။ ဒါပေမယ့် ကျွန်တော့်အကိုဆီ ဒီအကြောင်း ဖုန်းဆက်ပြောပြချိန်မှာတော့ ကျွန်တော် ငိုခဲ့တာပေါ့။ သူလည်း ငိုခဲ့တာပဲဗျာ” လို့ ဖွင့်ဟဝန်ခံခဲ့ပါတယ်။

ဒီလိုမျိုး ရွေးချယ်မခံခဲ့ရပေမယ့် လင်ဂတ်ကတော့ ပြိုင်ပွဲဝင်အင်္ဂလန်လက်ရွေးစင်အသင်းကို ပရိသတ်တွေနဲ့အတူ အားပေးခဲ့ပါတယ်။

ဒီလိုအားပေးခဲ့တဲ့ အင်္ဂလန်ဂျာစီနဲ့ လင်ဂတ်ရဲ့ပုံရိပ်တွေကလည်း ဆိုရှယ်မီဒီယာတွေပေါ်မှာ တော်တော်လေး ပျံ့နှံ့ခဲ့တာပါ။

လင်ဂတ်ဟာ အင်္ဂလန်မှာအရွေးခံရတဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒကလန်ရိုက်စ်ရဲ့ နာမည်နဲ့ကျောနံပါတ် အင်္ဂလန်ဂျာစီကိုဝတ်ဆင်ရင်း သူ့ပခုံးပေါ်မှာလည်း ကြက်တူရွေးတစ်ကောင်ကို တင်ထားပြီး အင်္ဂလန်ပွဲစဥ်တွေကို ပရိသတ်တွေနဲ့အတူ အင်္ဂလန်မြို့တွင်းက ဘားနဲ့စားသောက်ဆိုင်တွေမှာ ကြည့်ရှုခဲ့တာလည်းဖြစ်ပါတယ်။ 

Share

က္က