ဗြိတိန်နာမည်ကျော် ဘောလုံးပွဲခန့်မှန်းသူ လော်ရိုးကတော့ ဒီတပတ်မှာ အာဆင်နယ်တို့ ဆောက်သမ်တန်ကို အဝေးကွင်းမှာ အရေးနိမ့်မယ်လို့ အံ့အားသင့်ဖွယ်ရာခန့်မှန်းလိုက်ပါတယ်။ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်တသင်းတည်းကိုပဲ အရေးနိမ့်ထားပြီး ကျန်ပွဲအားလုံးကို အနိုင်ကစားကာ ခြေစွမ်းပြနေတဲ့ အာဆင်နယ်က စိန့်ကွင်းမှာ အရေးနိမ့်မယ်ဆိုတဲ့ သူ့ခန့်မှန်းချက်က အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။
လော်ရိုးက "ဆောက်သမ်တန်အနိုင်ရမယ်လို့ ကျနော်ကတော့ ယူဆပါတယ်၊ ဘုန်းမောက်နဲ့ပွဲမှာ ဖိအားတွေအောက်ကနေ သူတို့က အမှတ်ရအောင်ယူခဲ့ပြီး ဟာဆန်ဟူတယ်လ်ကို နည်းပြတယောက်အနေနဲ့ ကျနော်သဘောကျတယ်၊ အခုလို ခန့်မှန်းခဲ့လို့ အာဆင်နယ်ပရိသတ်တွေ ဒေါသထွက်မယ်ဆိုတာကို ကျနော်သိပါတယ်၊ ဒါပေမယ့် သူတို့က အံ့အားသင့်ဖွယ်ရာဖြတ်သန်းနေမှုတခုရှိနေပြီး ဒီပွဲမှာ သူတို့မမျှော်လင့်တာ ဖြစ်လာပါလိမ့်မယ်"
ဆောက်သမ်တန်ကတော့ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံးအိမ်ကွင်းပွဲမှာ ၁-၀ နဲ့ အနိုင်ရရှိထားခဲ့ပါတယ်။ အိမ်ကွင်းနောက်ဆုံး ၃ ပွဲရင်ဆိုင်ခဲ့ချိန်မှာဆို ၂ ပွဲအထိ အနိုင်ရထားကာ ၁ ပွဲအရေးနိမ့်ထားလို့ အာဆင်နယ်အတွက်တော့ စိန့်ကွင်းက ခက်ခဲတဲ့နေရာတခုလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ အာဆင်နယ်ကြောင့် ပရိသတ်တွေကတော့ အာဆင်နယ်အနိုင်ရမယ်လို့ပဲ ယူဆနေကြပါတယ်။
လော်ရိုးရဲ့ ခန့်မှန်းချက် မှန်ကန်လား၊ လွဲချော်မလားဆိုတာကိုတော့ မနက်ဖြန်မှာ မြင်တွေ့ရတော့မှာပါ။