ဆောက်သမ်တန်က ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ချဲလ်ဆီးကတော့ အဝေးကွင်းမှာ ဆက်တိုက်အမှတ်ရှုံးနိမ့်ခဲ့ပြီး စိတ်ပျက်စရာရလဒ်နဲ့ ထပ်မံရင်ဆိုင်ခဲ့ရပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအတွက် ကူလီဘလီ ပြန်လည်ပါဝင်ခဲ့ပေမယ့် ရီစီဂျိမ်းစ် လွဲချော်ခဲ့ရပြီး တိုက်စစ်မှာလည်း ဇီယက်ချ်၊ ဟာဗက်ဇ်၊ စတာလင်တို့ ပွဲထွက်ခဲ့ပါတယ်။ ဆောက်သမ်တန်ကတော့ ယူနိုက်တက်နဲ့ပွဲက အာရီဘိုရဲ့နေရာ ဒီယာလိုဝင်ကစားတာကလွဲရင် ပုံမှန်လူစာရင်းအတိုင်းပဲ ပွဲထုတ်ခဲ့ပါတယ်။



ဒီပွဲမှာ ချဲလ်ဆီးကစားပုံက တော်တော်လေး အားနည်းခဲ့ပြီး ရှေ့၊ လယ်၊ နောက်နေရာအစုံမှာ အားနည်းချက်တွေရှိခဲ့ပါတယ်။ စတာလင်က ဒီပွဲမှာ အဖွင့်ဂိုးသွင်းနိုင်ခဲ့ပေမယ့် တိုက်စစ်မှာ သူ့ရဲ့ဘောလုံးကိုင်လွန်းမှုကြောင့် ဘောလုံးလမ်းကြောင်းတွေရပ်သွားတာ၊ တိုက်စစ်အဟန့်အတားဖြစ်သွားတာမျိုးတွေရှိခဲ့ပါတယ်။

အဓိကကျတဲ့ ကွင်းလယ်ကပါ ဆောက်သမ်တန်ကို ဘယ်လိုမှမစိုးမိုးနိုင်ခဲ့တာကြောင့် ကစားကွက်ပျက်ခဲ့ပြီး ဦးဆောင်ဂိုးရခဲ့ပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ပေးလိုက်ရတာပါ။ ဒီလိုမျိုး ပြန်ပေးလိုက်တဲ့နေရာမှာလည်း နောက်တန်းအားနည်းချက်က ကြီးမားခဲ့ပါတယ်။ အက်ဇ်ပီလီကွီတာရဲ့ မသေမသပ်ဖျက်ထုတ်မှုကတဆင့် လာဗီယာက ဧရိယာထိပ်ကနေ ကန်သွင်းပြီး ချေပဂိုးရရှိခဲ့ပါတယ်။

အဲ့ဒီနောက် အမ်းစထရောင်းက ဆောက်သမ်တန်အတွက် အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးမှာလည်း ချဲလ်ဆီး နောက်တန်း (၃) ယောက်လောက် ဧရိယာထဲရှိနေသည့်တိုင် အမ်းစထရောင်းက (၆) ကိုက်စည်းထိပ်ကနေ ဘောလုံးကိုထိန်းပြီး အပိုင်ကန်သွင်းခွင့်ရရှိသွားခဲ့တာပါ။ ဒုတိယပိုင်းမှာ လော့ဖ်တပ်ချိခ် ဒဏ်ရာရသွားတာကြောင့် ကိုဗာဆစ် လူစားဝင်ကစားခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ချဲလ်ဆီးတို့ ဖိကစားနိုင်သလိုရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ဆောက်သမ်တန်ရဲ့ကြံ့ခိုင်မှုနဲ့ ကစားအားကို မယှဥ်နိုင်ခဲ့ဘဲ ရုန်းကန်ခဲ့ရပါတယ်။ အယ်လ်ယွန်နက်ဆီ၊ ဆာလီဆူးတို့ရဲ့ ခေါင်းတိုက်ချက်တွေကို ကူကူရယ်လာ၊ သီယာဂိုဆေးလ်ဗားတို့ ကာကွယ်နိုင်ခဲ့တာကြောင့်သာ ဂိုးထပ်မပေးခဲ့ရတာပါ။ ချဲလ်ဆီးကတော့ ပထမပိုင်းတည်းက ၂-၁ ဂိုးနဲ့ရှုံးနိမ့်နေတာကို ပွဲပြီးတဲ့အထိ ဘယ်လိုမှမချေပနိုင်ခဲ့တာကြောင့် အဝေးကွင်းနှစ်ပွဲဆက်ရှုံးပွဲကြုံခဲ့ရပါတယ်။  

Share

Loading Next Article...
က္က