အရေပြားခြောက်သွေ့ရတဲ့ အကြောင်းအရင်းအများကြီး ရှိပါတယ်။ ဒါပေမယ့် ဆောင်းတွင်းဆိုရင်တော့ ပုံမှန်အားဖြင့် အသားအရေမခြေထာက်သွေ့တဲ့သူတောင် အရေပြား ယားယံခြောက်သွေ့တာကို ခံစားရပြီး စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါဟာ တကယ်တော့ အရေပြားက အစိုဓာတ်လုံလုံလောက်လောက် မရလို့ပါ။ ဆောင်းတွင်းမှာ အသားအရည်ခြောက်သွေ့တာကတော့ ယာယီဖြစ်ပေမယ့် တစ်နှစ်ပတ်လုံး အသားအရေခြောက်သွေ့ရင်တော့ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

Photo: South China Morning Post

အရေပြားရောင်ရမ်းခြင်း- တစ်ခါတစ်ရံမှာ သင့်အရေပြားကို ထိတဲ့အရာတွေနဲ့ ဓာတ်မတည့်မှုဖြစ်တဲ့အခါ အသားအရေ ခြောက်သွေ့ယားယံပြီး နီရဲလာနိုင်ပါတယ်။ ယားယံတာတွေလည်း ဖြစ်နိုင်ပါတယ်။ မိတ်ကပ်ပစ္စည်းများ၊ ဆေးဝါးများ၊ ဆပ်ပြာများ၊ သို့မဟုတ် လက်ဝတ်ရတနာများ (နီကယ်) သတ္တုတွေကြောင့် အဖြစ်များပါတယ်။ နှင်းခူ- အရေပြားမှာ ခြောက်သွေ့၊ နီရဲပြီး ယားယံတဲ့ အစိတ်အပိုင်းတွေ ရှိရင် နှင်းခူလည်း ဖြစ်နိုင်ပါတယ်။ ဒါကလည်း သင့်အသားအရေကို အက်ကွဲစေနိုင်ပါတယ်။ ဒါဟာ မျိုးရိုးအရလည်း ဖြစ်နိုင်သပြီး ဓာတ်မတည့်မှု၊ စိတ်ဖိစီးမှုနှင့် အခြားသော ယားယံမှုတွေကလည်း ဒါကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဒီလိုအကြောင်းတွေအပြင် အသားအရေခြောက်သွေ့တာက အသက်ကြီးလာတာ ၊ အေးပြီးခြောက်သွေ့တဲ့နေရာမှာ နေထိုင်တာ ၊ ရေနဲ့အထိများတဲ့ အလုပ်လုပ်ရတာ ၊ မျိုးရိုးဗီဇ ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ သိုင်းရွိုက်နဲ့ အခြားဟော်မုန်းချို့ယွင်းမှုတွေကြောင့်လည်း အသားအရေခြောက်သွေ့ ယားယံနိုင်ပါတယ်။

အိမ်မှုကိစ္စအတွက် လက်အိတ်ဝတ်ပါ

Photo: Earth911

လက်တွေ ခြောက်သွေ့ယားယံတာကတော့ အိမ်သုံးသန့်စင်ဆေးတွေ ၊ ပန်းကန်ဆေးဆပ်ပြာတွေ နဲ့ ရေအထိများတဲ့ လက်တွေဟာ အဖြစ်များပါတယ်။ ဒါကြောင့် လက်တွေ ခြောက်သွေ့ယားယံတာကို ကာကွယ်ဖို့ဆိုရင်တော့ ဓာတုပစ္စည်းပါဝင်တဲ့အရာတွေကို ကိုင်တွယ်တာ ၊ ပန်းကန်ဆေး ၊ အဝတ်လျှော်ချိန်တွေမှာ ရောဘာလက်အိတ်ဝတ်ဆင်တာ ၊ ပျော့ပျောင်းတဲ့ ချည်အလွှာတစ်ခုအပေါ်မှာ ရာဘာလက်အိတ်ဝတ်ဆင်တာမျိုး ပြုလုပ်ပါ။

ရေချိုးပြီးရင် အစိုဓာတ်ထိန်းပေးပါ

Photo: BeBeautiful

ရေသန့်ဖို့ ကလိုရင်းကို အသုံးပြုတဲ့အခါ ဒါက သင့်အသားအရေကို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် ကလိုရင်းပါတဲ့ ရေ (အထူးသဖြင့် ရေကူးကန်) ကို ချိုးပြီးတဲ့အခါ အရေပြားကို glycerin (အသားလှဆီ) ပါတဲ့ အစိုဓာတ်ဖြည့် လိမ်းစရာ တစ်မျိုးမျိုး ပြန်လိမ်းပေးပါ။ ရေကူးကန်မှာက ကလိုရင်းပါဝင်မှု ပိုများတဲ့အတွက် ရေကန်က တက်တာနဲ့ ရေ ၊ ဆပ်ပြာအပျော့စားနဲ့ ပြန်ချိုးဖို့ လိုအပ်ပါတယ်။

အုန်းဆီ လိမ်းကြည့်ပါ

Photo: EatingWell

အုန်းဆီမှာ အစိုဓာတ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဖက်တီးအက်ဆစ် (EFAs) ပါတဲ့အတွက် အသားအရေကို ရေဓာတ်ထိန်းပေးပြီး ခြောက်သွေ့မှုကို ကာကွယ်နိုင်ပါတယ်။ အုန်းဆီကို ဆောင်းတွင်းမှာ အစိုဓာတ်ထိန်းခရင်မ်အဖြစ် အသုံးပြုနိုင်ပြီး အသားအရေကို ပွတ်လိမ်းပေးပါ။

petroleum jelly လိမ်းပါ 

Photo: WebNd

petroleum jelly ကို အလွယ်တကူဝယ်လို့ရပြီး Vaseline တံဆိပ်အသုံးများပါတယ်။ အိမ်သုံးပစ္စည်းတွေကြောင့် အရေပြားယားယံတာ ၊ ထိခိုက်လွယ်တဲ့ အသားအရေရှိသူတွေ ယားယံတာ ၊ အရေပြားတွေ ခြောက်သွေ့ယားယံတာအတွက် အသုံးပြုနိုင်ပါတယ်။ ဓာတုပစ္စည်းတွေ အရေပြားကို ထိတဲ့အခါ အရေပြားရဲ့ ကာကွယ်မှုအလွှာကို ထိခိုက်ပြီး နီရဲတာ ၊ ယားတာ ၊ လောင်တာ ၊ ခြောက်သွေ့တာတွေ ဖြစ်စေပါတယ်။ အဲဒီအတွက် ပါဝင်ပစ္စည်းတစ်မျိုးတည်းသာပါဝင်တဲ့ petroleum jelly ဟာ သင့်အသားအရေကို နူးညံ့စေပါတယ်။ဒါကြောင့် ခြောက်သွေ့တဲ့အသားအရည်ကို သက်သာစေဖို့ နှုတ်ခမ်းကနေ ခြေဖဝါးအထိ လိမ်းနိုင်ပါတယ်။အသားအရေအတွက် ကောင်းမွန် အသုံးဝင်ပြီး ဈေးလည်းမကြီးတာကတော့ petroleum jelly ဖြစ်ပါတယ်။

ဖုန်မှုန့်များကို ဖယ်ရှားပါ

Photo: BBC

တစ်ချို့အသားအရေခြောက်သွေ့ယားယံမှုတွေဟာ ဖုန်မှုန့်တွေကြောင့် ဖြစ်ပါတယ်။အိမ်ရဲ့ အခန်းတိုင်းမှာ မမြင်နိုင်တဲ့ ဖုန်မှုန့်တွေရှိနေပြီး ဒါတွေကို ရှုရှိုက် ထိတွေ့နေကြရပါတယ်။ဖုန်မှုန့်တွေ ၊ ပိုးမွှားတွေဟာ ယားယံခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် အသားအရေ ခြောက်သွေ့ယားယံတာ ၊ အသက်ရှူလမ်းကြောင်းရောဂါတွေ ကင်းဝေးစေဖို့ နေ့စဉ်ကြမ်းပြင်ကို ဖုန်တွေ သန့်ရှင်းပါ။ တစ်ပတ်တစ်ကြိမ် ကော်ဇောတွေကို ရေပူနဲ့ လျှော်ပါ။

အုတ်ဂျုံနဲ့ ရေချိုးကြည့်ပါ

Photo: Healthline

Oats (အုတ်ဂျုံ)ကို ခြောက်သွေ့တဲ့ အသားအရေကို ကုသဖို့ ရှေးရာစုနှစ်တွေကတည်းက အသုံးပြုခဲ့ပါတယ်။ သုတေသီတွေက မကြာသေးမီကမှ အုတ်ဂျုံမှာ ယားယံခြင်း ၊ ရောင်ရမ်းခြင်းနဲ့ နီရဲခြင်းကို တိုက်ဖျက်တဲ့ avenanthramides ဆိုတဲ့ ဓာတုပစ္စည်းကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ခြောက်သွေ့ယားယံတဲ့ အသားအရေဆိုရင် ကြက်သီးနွေးရေထဲမှာ အုတ်ဂျုံအနည်းငယ်ထည့်ပြီး ရေချိုးတာ ၊ ရေစိမ်တာ ပြုလုပ်နိုင်ပါတယ်။

Ref: Healthline



Share

Loading Next Article...
က္က