“ဝသောသူကို ကြင်နာပါ” ဆိုတဲ့ စာအုပ်လေး ပရိသတ်တွေ လက်ထဲရောက်တော့မယ်။

စမိုင်းလ်က သူကိုယ်တိုင် ရေးသားထားတဲ့ “ဝသောသူကိုကြင်နာပါ” ဆိုတဲ့ စာအုပ်ထုတ်ဝေတဲ့နေ့မှာ ပရိသတ်တွေနဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

Photo : စမိုင်းလ် FB



ကိုယ်တိုင် ကြုံတွေ့ခံစားထားရတာကို ရေးသားဖော်ပြထားတဲ့ စမိုင်းလ်ရဲ့ “ဝသောသူကိုကြင်နာပါ” ဆိုတဲ့ စာအုပ်က ဖေဖော်ဝါရီ(၁၀) ရက်နေ့မှာ ထွက်ရှိမယ်လို့ သိရပါတယ်။ စာအုပ်ထွက်တဲ့နေ့မှာ စမိုင်းလ်က ပရိသတ်တွေနဲ့ တွေ့ဆုံသွားမယ်လို့ ဆိုပါတယ်။

“စာအုပ်က ဖေဖော်ဝါရီ(၁၀) ရက်နေ့ထွက်မှာ။ အဲ့နေ့မှာ ပရိသတ်တွေနဲ့ တွေ့ဆုံပြီး စာအုပ်လက်မှတ်ရေးထိုးပွဲပြုလုပ်သွားမယ်။ ပရိသတ်တွေအားလုံး လာခဲ့ဖို့လည်း ဖိတ်ခေါ်ပါတယ်” လို့ ဇန်နဝါရီ(၂၈) ရက်နေ့က ပြုလုပ်တဲ့ တရုတ်မလေးကို ချစ်တယ် ရုပ်ရှင်ဇာတ်ကား အထူးပွဲမှာ မီဒီယာများသို့ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

Photo : စမိုင်းလ် FB

စမိုင်းလ်ရဲ့ “ဝသောသူကိုကြင်နာပါ” စာအုပ်ကို ဖေဖော်ဝါရီ(၁၀) ရက်နေ့တွင် ရန်ကုန်မြို့ ၊ Junction City တွင် နေ့လည် (၂)နာရီမှ (၅)နာရီအထိ စမိုင်းလ်ကိုယ်တိုင် လက်မှတ်ရေးထိုးပေးပြီး ရောင်းချသွားမှာ ဖြစ်ပါတယ်။ စမိုင်းလ်ရဲ့ “ဝသောသူကိုကြင်နာပါ”ဆိုတဲ့ စာအုပ်ထဲမှာ အရမ်းဝခဲ့တဲ့ သူမကိုယ်တိုင် ဘယ်လိုဝိတ်ချခဲ့ရလဲဆိုတဲ့ အကြောင်းကို ပြောပြထားတယ်လို့ သိရပါတယ်။ ဆရာကြီး လုပ်တာမျိုး မဟုတ်ဘဲ တကယ်ကြုံတွေ့ခံစားထားရတာတွေကို ရေးပြထားတာဖြစ်ဖို့ ရင်ဘတ်ချင်းတူပြီး နားလည်မယ်လို့ ထင်ကြောင်း စမိုင်းလ်က သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြထားဖူးပါတယ်။

Photo : စမိုင်းလ် FB

သရုပ်ဆောင်စမိုင်းလ်ဟာ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ အဲ့ဒီနောက် အလှူအတန်းတွေလည်း မကြာခဏဆိုသလို ဆောင်ရွက် နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က