အက်လ် နက်ဆာနဲ့ အယ်လ် ဟီလာလ်တို့ ပေါင်းစပ်ထားတဲ့ ကြယ်စင်စုအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ်လည်း တာဝန်ယူသွားမှာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ယခုအပတ် လီယွန်နယ် မက်ဆီရဲ့ ပီအက်စ်ဂျီနဲ့ ယှဉ်ပြိုင်ကစားမယ့် အယ်လ်နက်နဲ့ အယ်လ် ဟီလာလ်အသင်းတို့ပေါင်းစပ်ထားတဲ့ ကြယ်စင်စုအသင်းရဲ့အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ဆော်ဒီ အာရေဗျက ပထမဆုံးပွဲစဉ်ဟာ လီယွန်နယ် မက်ဆီရဲ့ ပီအက်စ်ဂျီနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်ဖြစ်လိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ပြင်သစ်လီဂူးဝမ်းအသင်းနဲ့ ဆော်ဒီ အာရေဗျကြယ်စင်စုအသင်းတို့ ကစားမယ့် ချစ်ကြည်ရေးပွဲစဉ်မှာ ပါဝင်ကစားပေးသွားဖွယ်ရှိနေတာဖြစ်ပါတယ်။ ဒီပွဲစဉ်ကို လာမယ့် ကြာသပတေးနေ့ King Fahd ကွင်းမှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပြီး အယ်လ် နက်ဆာနည်းပြ ရူဒီ ဂါစီယာက မကြာသေးမီက ပေါ်တူဂီကြယ်ပွင့်ဟာ အသင်းအတွက် ပွဲဦးထွက် ပါဝင်မကစားပေးမီ ခြေစမ်းပွဲမှာ ပါဝင်ကစားပေးလိမ့်မယ်လို့ အတည်ပြု ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ရော်နယ်လ်ဒိုဟာ ချစ်ကြည်ရေးခြေစမ်းပွဲမှာ ပါဝင်ကစားပေးရုံတင်မကဘဲ အက်လ် နက်ဆာနဲ့ အယ်လ် ဟီလာလ်တို့ ပေါင်းစပ်ထားတဲ့ ကြယ်စင်စုအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ်လည်း တာဝန်ယူသွားမှာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။



ဆော်ဒီ အာရေဗျ ဖျော်ဖြေရေးအာဏာပိုင်အဖွဲ့အစည်းရဲ့ ဥက္ကဌ တာကီ အယ်လ်ရှိတ်ခ်က တွစ်တာပေါ်မှာ ဘလွန်ဒေါ ၅ ဆုရှင်ကို ကိုယ်တိုင်ကိုယ်ကျ အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ပေးနေတဲ့ ဗီဒီယိုကို တင်ခဲ့ပြီး ရော်နယ်လ်ဒိုကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့တယ်ဆိုတဲ့သတင်းတွေကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

Share

က္က