ဘယ်ခြေနဲ့ အနီးကပ်ကန်သွင်းရယူခဲ့တာပါ။

ရော်နယ်ဒိုရဲ့ သားဖြစ်သူ ခရစ္စတီယာနိုရော်နယ်ဒိုဂျူနီယာကတော့​ ဆော်ဒီမှာ သူ့အဖေရဲ့ ခြေရာကို လိုက်နင်းပြီး ဂိုးတွေသွင်းနေပါပြီ။ Mahd အကယ်ဒမီမှာ ကစားခဲ့တဲ့ လူငယ်အသင်းပွဲစဉ်တခုမှာ သူက ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ သူ အားမသန်တဲ့ဘယ်ခြေကန်ချက်နဲ့ အပြင်းကန်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ 

အသက် ၃၈ နှစ်အရွယ် ရော်နယ်ဒိုက ဆော်ဒီကလပ်အယ်လ်နာဆာမှာ ပြီးခဲ့တဲ့တပတ်ကမှ အသင်းအတွက် တပွဲတည်း ၄ ဂိုးသွင်းပြီး ခြေစွမ်းပြနေခဲ့တာပါ။ ဂျူနီယာကလည်း အယ်လ်နာဆာလူငယ်အကယ်ဒမီမှာ ကစားနေတာဖြစ်ပြီး အခု ဂိုးသွင်းယူခဲ့တဲ့ပွဲမှာတော့ သူ့ထက် အသက် ၂ နှစ်ကြီးတဲ့ ကစားသမားတွေနဲ့ အတူတူကစားခဲ့ရတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ 



ဖခင်ကစားခဲ့ရာ အသင်းတွေရဲ့ လူငယ်အသင်းတွေမှာ ကစားပေးခဲ့ပြီး ခြေစွမ်းပြဂိုးတွေသွင်းခဲ့တဲ့ ဂျူနီယာက တနေ့မှာ သူ့အဖေလိုမျိုး ကျော်ကြားတဲ့ ကစားသမားဖြစ်လာမယ်လို့ ထင်ကြေးပေးခံနေရသူပါ။ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်၊ မန်ချက်စတာယူနိုက်တက်တို့ရဲ့ လူငယ်အသင်းတွေမှာ သူ ကစားပေးခဲ့ပြီး သက်တူရွယ်တူကစားသမားတွေကြားမှာ သူက သိသိသာသာခြေစွမ်းပြနေခဲ့တာပါ။ 

အသက် ၁၂ နှစ်အရွယ် ဂျူနီယာကို ရော်နယ်ဒိုကိုယ်တိုင်ကလည်း သူ အားလပ်ချိန်တွေမှာ ဂရုတစိုက်နဲ့ လေ့ကျင့်သင်ကြားပေးနေတာပါ။ ဒါကြောင့်လည်း မကြာခဏဆိုသလို သူတို့သားအဖနှစ်ဦး အတူတူလေ့ကျင့်နေတာကို ပရိသတ်တွေ မြင်တွေ့နေခဲ့ရပြီး ဂျူနီယာက သေချာပေါက်ကစားသမားကောင်းဖြစ်လာမယ်လို့လည်း မျှော်လင့်ထားကြပါတယ်။ 

အခုအခါမှာ ဂျူနီယာကို ရီးရဲလ်လူငယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ရော်နယ်ဒိုရဲ့ အသင်းဟောင်းတွေဖြစ်တဲ့ ဂျူဗင်တပ်စ်၊ မန်ချက်စတာယူနိုက်တက်တို့ကလည်း စိတ်ဝင်စားနေပါတယ်။ သူ ဘယ်ကို ရောက်ရှိမလဲဆိုတာကတော့ စိတ်ဝင်စားဖွယ်ရာပါပဲ။

Share

Loading Next Article...
က္က