ဆော်ဒီကို ပြောင်းမလားဆိုတဲ့အပေါ် တုံ့ပြန်ခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်နည်းပြကြီး အန်ဆယ်လော့တီက ဆော်ဒီကို ပြောင်းရွှေ့မလားဆိုတဲ့ မေးခွန်းတွေအပေါ် နောက်ပြောင် ဖြေကြားသွားခဲ့ပါတယ်။ အဆိုပါ အီတလီလူမျိုးနည်းပြကြီးဟာ လက်ရှိဘောလုံးရာသီအကုန်မှာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာပါ။



အန်ဆယ်လော့တီတစ်ယောက် ဘရာဇီးကို ကိုင်တွယ်မယ့် သတင်းတွေလည်း ထွက်ပေါ်နေပေမယ့် အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒါ့အပြင် ဆော်ဒီကလပ်တွေကလည်း အန်ဆယ်လော့တီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ဆော်ဒီဟာ ဂေါ့ဖ်အကျော်အမော်တစ်ဦးဖြစ်တဲ့ ဂျွန်ရာမ်ကို (၄) နှစ်စာအတွက် ယူရိုသန်း (၅၀၀) ပေးချေမယ့် သဘောတူစာချုပ်တစ်ရပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ ဂျွန်ရာမ်ဟာ ဒီစာချုပ်ကြောင့် နာမည်ကျော် PGA Tour ကို စွန့်ခွာပြီး ဆော်ဒီက ကျင်းပတဲ့ LIV Tour မှာ ပါဝင်ကစားသွားမှာပါ။
 
အဲ့ဒါကြောင့် ဒီလိုမျိုး ကမ်းလှမ်းလာခဲ့ရင်ဆိုတဲ့ မေးခွန်းအပေါ် အန်ဆယ်လော့တီက “လမ်းလျှောက်သွားမှာပေါ့ဗျာ။ ကျွန်တော် လေယာဉ်တောင် စီးမှာ မဟုတ်ပါဘူး။ ကျွန်တော် နောက်တာပါ။ လူတိုင်းက သူ့ရွေးချယ်မှုနဲ့သူပါပဲ။ ကမ္ဘာကြီးက ပြောင်းလဲနေပြီး ရှေ့ဆက်လည်း ပြောင်းလဲဦးမှာပါ”
 
“ဘာကိုမှ အံ့အားသင့်စရာမရှိပါဘူး။ ဆော်ဒီဘက်က ကျွန်တော့်ကို ကမ်းလှမ်းခဲ့တာမျိုး မရှိသလို ကျွန်တော်ကလည်း ပစ္စုပ္ပန်မှာပဲ နေထိုင်ပါတယ်။ လက်ရှိအချိန်က အရမ်းကောင်းပါတယ်။ ဆော်ဒီကို ပြောင်းဖို့မဟုတ်ဘဲ တခြားစိတ်ကူး ကျွန်တော့်မှာရှိပါတယ်။ ကျွန်တော် ဘယ်တုန်းကမှ ပိုက်ဆံကို မကြည့်ခဲ့ဘဲ ဒီလိုမိသားစုမျိုးကနေ မွေးဖွားလာတာပါ။ အရိုးသားဆုံးပြောရရင် ကျွန်တော့်မှာ ပိုက်ဆံရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က