တိုနီကရူးစ်လှောင်ပြောင်ခံခဲ့ရတာပါ။

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက အက်သလက်တီကို,ကို အနိုင်ရရှိခဲ့တဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အသင်းရဲ့ ကွင်းလယ်လူ တိုနီကရူးစ် လှောင်ပြောင်ခံရတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်က ၅-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။



အချိန်ပိုအထိ ကစားခဲ့ရတဲ့ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်က အချိန်ပို (၁၅) မိနစ်မှာ ဟိုဆေးလူ၊ ဘရာဟင်မ်ဒီယက်ဇ်တို့ရဲ့ အနိုင်ဂိုးတွေကို ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ တိုနီကရူးစ်ကလည်း ဒုတိယပိုင်းမှ လူစားဝင်ကစားခဲ့တာပါ။

ဒါပေမယ့် သူ လူစားဝင်လာခဲ့ပြီးနောက်ပိုင်း ဆော်ဒီမြေက ပရိသတ်တွေက တိုနီကရူးစ် ဘောလုံးထိတိုင်း အော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။ အကြောင်းရင်းကတော့ ဘောလုံးသမားတွေ ဆော်ဒီမြေကို ပြောင်းရွှေ့တာက ပိုက်ဆံကြောင့်ဖြစ်ကြောင်း တိုနီကရူးစ်က ဖွင့်ဟခဲ့ဖူးတာကြောင့်ပါ။
ဒီလိုမျိုး လှောင်ပြောင်သံတွေနဲ့ ပတ်သက်လို့လည်း တိုနီကရူးစ်က​ “ဒီနေ့ ပျော်ရွှင်ခဲ့ရပါတယ်။ အံ့အားသင့်ဖွယ်ရာ ပရိသတ်တွေပဲ” လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ တင်ထားခဲ့ပါတယ်။ ဒါပေမယ့် ဒါက တိုနီကရူးစ်တစ်ယောက် တမင်သက်သက် အရွဲ့တိုက် တင်တာလို့ ပရိသတ်တွေက ယူဆနေပါတယ်။
ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီကတော့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ “ကျွန်တော် ဒီလှောင်ပြောင်သံတွေကို နားမလည်ပါဘူး။ ကရူးစ်ကိုယ်တိုင်လည်း ဒါတွေကို နားလည်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က