ဆော်ဒီကို ပြောင်းရွှေ့ဖို့ တော်တော်လေးနီးစပ်နေပါပြီ။

ပြင်သစ်တိုက်စစ်မှူးကာရင်မ်ဘန်ဇီမာကတော့ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာပြီး ဆော်ဒီကို ရောက်ရှိမယ်လို့ ရေပန်းစားနေပါပြီ။ မက်ဒရစ်အခြေစိုက်သတင်းတွေကလည်း ဘန်ဇီမာ အသင်းကထွက်ခွာဖို့အတွက် အနိးစပ်ဆုံးဖြစ်နေပြီလို့ ဆက်တိုက်ဖော်ပြနေကာ ကစားသမားက ရက်ပိုင်းအတွင်းမှာပဲ ဆော်ဒီကို ပြောင်းရွှေ့လိမ့်မယ်လို့ ဆိုနေပါတယ်။ ဆော်ဒီကို ဘန်ဇီမာ ရောက်ရှိသွားနိုင်တဲ့ အချက်တွေကလည်း အများကြီးရှိနေတာပါ။ သူ ဆော်ဒီကို ဘာလို့ ပြောင်းရွှေ့သွားနိုင်လဲဆိုတဲ့ အကြောင်းရင်းတွေကို လေ့လာကြည့်ချင်ပါတယ်။


အသက်အရွယ်နဲ့ ခြေစွမ်းကျဆင်းလာမှု

ပြီးခဲ့တဲ့ရာသီမှာ သူက အသင်းအတွက် ဂိုးပေါင်း ၂၀ ကျော်သွင်းနိုင်ခဲ့ပေမယ့် ဒဏ်ရာမကြာခဏရခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးက ခြေစွမ်းလည်း ကျဆင်းစပြုလာပြီဖြစ်ပြီး ထိပ်တန်းအဆင့်မှာ ကစားနိုင်ဖို့က သံသယဝင်စရာတွေ ရှိလာပါတယ်။ ရီးရဲလ်ရဲ့ မူဝါဒအရ အသက် ၃၀ ကျော်ကစားသမားတွေကို တနှစ်ချင်းစီသာ သက်တမ်းတိုးသွားမှာဖြစ်ပြီး ဘန်ဇီမာကိုလည်း အလားတူပဲ ကမ်းလှမ်းမှာပါ။ တချိန်တည်းမှာပဲ ဘန်ဇိမာနေရာ အစားထိုးဖို့ တိုက်စစ်မှူးသစ်လည်း ရှာဖွေနေပါတယ်။


ဆော်ဒီရဲ့ မက်မောဖွယ် ကမ်းလှမ်းမှု

သတင်းတွေအရ ဘန်ဇီမာကို ဆော်ဒီဘက်က ကမ်းလှမ်းမှုက မျက်လုံးပြူးစရာပါ။ တနှစ်လုပ်ခ ယူရိုသန်း ၁၀၀နဲ့ ၂ နှစ်စာချုပ်၊ ကြော်ငြာခ၊ ပုံရိပ်အသုံးပြုခတွေပေးဦးမယ့်အပြင် သားသမီးတွေကို ကျောင်းထားပေးဖို့အတွက်ပါ စီစဉ်ပေးမယ်ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။ အထူးခြားဆုံးကတော့ သူတို့လိဂ်ကို ဘန်ဇီမာရောက်လာခဲ့ရင် ရပြီ၊ ကြိုက်တဲ့အသင်းကို ရွေးကစားဖို့ဆိုပြီး အခွင့်အရေးပေးထားတာပါ။ ဒီလိုကမ်းလှမ်းချက်က ကမ္ဘာမှာတောင် ပထမဆုံးဖြစ်မယ်ထင်ပါတယ်။ ဘန်ဇီမာအတွက် ထူးရှယ်အခွင့်အရေးရလိုက်တာပါ။


ရော်နယ်ဒိုနဲ့ အယ်လ်နာဆာ

ဘန်ဇီမာသာ ဆော်ဒီကို ရွေးချယ်မယ်ဆိုရင် ရီးရဲလ်အသင်းဖော်ဟောာင်း ရော်နယ်ဒိုနဲ့ ပြန်ဆုံတွေ့မှာပါ။ ​ကြိုက်တဲ့အသင်းကို ပြောင်းရွှေ့နိုင်တယ်လို့ ဆိုထားတာကြောင့် အယ်လ်နာဆာကိုသာ ရွေးချယ်ရင် ရော်နယ်ဒိုနဲ့ နောက်တကြိမ် အသင်းဖော်တွေဖြစ်ဦးမှာပါ။ သူတို့နှစ်ဦးက ရိးရဲလ်မှာ နှစ်အတန်ကြာ အတူကစားခဲ့သူတွေဖြစ်ပြီး ရော်နယ်ဒိုရှိနေလို့ ဘန်ဇီမာတယောက် ဆော်ဒီကို ပြောင်းရွှေ့မယ်ဆိုရင်လည်း အဖော်ရှီနေသလို ဖြစ်နေပါလိမ့်မယ်။


ဘာသာရေးနဲ့ နေထိုင်မှုပုံစံ

အစ္စလာမ်ဘာသာဝင်တဦးဖြစ်တဲ့ ဘန်ဇီမာအတွက် ဆော်ဒီမှာ အထိုင်ကျဖို့က မခက်ပါဘူး။ ရော်နယ်ဒိုတယောက် ဆော်ဒီမှာ နေထိုင်မှုပုံစံမတူညီလို့ အခက်တွေ့နေပေမယ့် ဘန်ဇီမာအတွက်တော့ အဲဒါက လုံး၀ပြသနာမရှိပါဘူး။ ပြီးတော့ ဆော်ဒီမှာ သူ့ကို အားပေးနေတဲ့ အမာခံပရိသတ်က ပိုင်ဆိုင်ထားပြီးသားပါ။ ဘန်ဇီမာရဲ့ ပြင်ပလူနေမှုပုံစံက အရမ်းမိုက်ပါတယ်။ သန်းကြွယ်သူဌေးတဦးဖြစ်လို့ သူ့ရဲ့ နေထိုင်မှုပုံစံက အဆင့်အတန်းမြင့်ပါတယ်။ ဒါကို ဆော်ဒီသားတွေက အရမ်းသဘောကျနေတယ်လို့် ဆိုပါတယ်။

Share

Loading Next Article...
က္က