ရီးရဲလ်မက်ဒရစ်က ပြန်ခေါ်မှာကို စောင့်ဆိုင်းနေခဲ့တယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် ဥရောပကို စွန့်ခွာဖို့ အဆင်သင့်မဖြစ်ခဲ့ဘဲ သတင်းတွေသာ အမှန်ဆိုရင် အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးဟာ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်က ပြန်ခေါ်မှာကို စောင့်ဆိုင်းနေခဲ့တယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။

အသင်းပိုင်ရှင်တွေနဲ့ ပရိသတ်တွေဟာ ရော်နယ်လ်ဒိုရဲ့ စပိန်မှာ ရှိနေခဲ့တဲ့ကာလအတွင်း ကြီးမားတဲ့ ကူညီပေးနိုင်စွမ်းနဲ့ပတ်သက်ပြီး ကြီးမားတဲ့ အသိအမှတ်ပြုမှုမျိုး ရှိပေမယ့်လည်း ပေါ်တူဂီကြယ်ပွင့်ကို ပြန်လည်ခေါ်ယူဖို့ စီစဉ်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ နည်းပြ အန်ဆလော့တီလက်အောက်မှာ အပြည့်အဝအပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီး လမ်းကြောင်းသစ်ပေါ် ရောက်ရှိနေပြီဖြစ်တာကြောင့် ရော်နယ်လ်ဒို ရောက်ရှိလာမှုက အီတလီလူမျိုးနည်းပြအတွက် အခက်အခဲသာ ဖြစ်စေမှာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ် နက်ဆာက ကြောက်မက်ဖွယ် များပြားတဲ့ ယူရိုသန်း ၂၀၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ဆော်ဒီ အာရေဗျကလပ်ကို ပြောင်းရွှေ့ဖို့ ချက်ချင်းသဘောတူညီခြင်းမရှိခဲ့ဘဲ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်အပါအဝင် အခြား ကမ်းလှမ်းမှုတွေ ရှိလာဦးမလားလို့ စောင့်ဆိုင်းခဲ့သေးတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဂန္တဝင်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပေါ်တူဂီအသင်း ထွက်ခွာခဲ့ရပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပြီး စပိန်ကလပ်အသင်းက ပေါ်တူဂီကြယ်ပွင့်ရဲ့ ဘာနေဗျူးက အမွေအနှစ်တွေကို လေးစားမှုရှိတာကြောင့် ကြိုက်သလောက် လေ့ကျင့်ရေး ပြုလုပ်နိုင်တယ်လို့ ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ဂန္တဝင်ဟာ စပိန်လာလီဂါကလပ်အသင်းပိုင်ရှင်တွေအနေနဲ့ ၎င်းကို ပြန်လည်ခေါ်ယူမှာကို စောင့်ဆိုင်းနေခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး လေ့ကျင့်ရေးကွင်းမှာ ထိပ်တန်းအဆင့်မှာ စွမ်းဆောင်နိုင်ဆဲဖြစ်ကြောင်းပြသခဲ့ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူတွေက ပြန်လည်ပေါင်းစည်းဖို့ကို ငြင်းဆန်ခဲ့တဲ့အတွက် ဆော်ဒီကို သွားဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က