ကစားသမားဘက်က ငြင်းဆန်ခဲ့ပေမယ့်လည်း သူကတော့ သေချာပေါက်ကိုပြောဆိုခဲ့တာပါ။

ဆော်ဒီကလပ် အယ်လ်နာဆာနဲ့ သဘောတူညီမှုတွေရရှိခဲ့ပြီဆိုတဲ့ သတင်းတွေကို မဟုတ်မှန်ဘူးလို့ ရော်နယ်ဒိုဘက်က ငြင်းဆန်ခဲ့ပေမယ့်လည်း ပေါ်တူဂီကြယ်ပွင့်ရဲ့ အနာဂတ်ဟာ ဆော်ဒီမှာသာရှိတယ်လို့ စပိန်သတင်းစာ Marca ရဲ့ သတင်းထောက်တဦးဖြစ်သူ Jose Felix Diaz က Goal ကို ဖွင့်ဟခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အယ်လ်နာဆာမှာ တနှစ်ကို ယူရိုသန်း ၂၀၀ အထိ ရရှိမယ်လို့လည်း သတင်းထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ 

မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်သွားတဲ့ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားအပြီးမှာ ကာတာကနေ ဆော်ဒီကို တခါတည်း သွားရောက်လိမ့်မယ်လို့ပါ အားလုံးက ခန့်မှန်းနေကြတာပါ။ အသက် ၃၇ နှစ်အရွယ် ကစားသမားကို ဆော်ဒီအင်အားကြီးအသင်းနှစ်သင်းက အပြိုင်စိတ်ဝင်စားနေပြီး အယ်လ်နာဆာက ပိုမိုအခွင့်အရေးသာနေတယ်လို့လည်း သိရပါတယ်။ 

"ခရစ္စတီယာနိုက သူ့ရဲ့ ကမ္ဘာ့ဖလားနောက်ဆုံးနေ့ရက်တွေကို ဖြတ်သန်းနေပြီး ပေါ်တူဂီကလည်း ပြိုင်ပွဲမှာ ရှိနေပါသေးတယ်၊ ဒါပေမယ့် သူ့ရဲ့ အနာဂတ်ကို သူ သိထားပြီး ဆော်ဒီဘောလုံးလောကထဲမှာ ရှိနေပါတယ်၊ အာရပ်အသင်းနဲ့သဘောတူညီမှုက အလုံးစုံပြီးမြောက်ပြီး အတိအကျပါပဲ၊ အခုက လက်မှတ်ထိုးဖို့ပဲ လိုတော့တာပါ၊ အဲဒီကိုသွားပြီး ဒီအသင်းက ဘယ်လိုလဲဆိုတာကို တွေ့ပြီးရင် သူ ဆုံးဖြတ်ပြီး လက်မှတ်ထိုးရုံပါပဲ"

"ဒီအသင်းက ဆော်ဒီဘောလုံးလောကကို လွှမ်းမိုးဖို့ ကြိုးစားနေပြီး ကြီးထွားလာနေတဲ့အသင်းပါ၊ စာချုပ်က ၂ နှစ်ခွဲပါ၊ သူက ကစားခနဲ့ ကြော်ငြာခတွေ အများကြီးရမှာဖြစ်ပြီး တစုံတရာပြောင်းလဲမှုမရှိရင်၊ သူ့အတွက် ရှုပ်ထွေးတဲ့ကာလတွေပြီးသွားရင်၊ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးသွားရင် Riyadh ကိုသွားပြီး လက်မှတ်ထိုးဖို့ပဲ လုပ်ရမှာပါ" လို့ Diaz က ဆိုပါတယ်။ 

ဒီအပြောင်းအရွှေ့ဟာ ဇန်နဝါရီလတည်းမှာပဲ ဖြစ်ပေါ်လာဖို့ရှိနေကာ လောလောဆယ်မှာတော့ ကစားသမားက ပေါ်တူဂီအတွက်ပဲ အာရုံစိုက်နေပါတယ်။ ပေါ်တူဂီဟာ ကွာတားဖိုင်နယ်ပွဲအဖြစ် မော်ရိုကိုနဲ့ စနေနေ့မှာ ရင်ဆိုင်ရမှာဖြစ်ပြီး ရော်နယ်ဒို ပွဲထွက်ခွင့်ရမလားဆိုတာ အားလုံးက စိတ်ဝင်စားနေကြပါတယ်။ 


သူငယ်ချင်းတွေနဲ့ မိသားစုကိုလည်း စိန်ခေါ်ပြီး Celebrate World Cup 2022 Fearlessly with Clear Campaign ကို အတူပါဝင်ဆင်နွှဲလိုက်ပါ။ ကိုယ့်ကျွမ်းကျင်မှုပြသပြီးရင် သူငယ်ချင်းနဲ့ မိသားစုဝင်တွေကို Tag တွဲကာ Hashtag #ClearMyanmar #ClearFearlessWorldCup2022 ကို အသုံးပြုပြီး Post ကို Public ဖြင့် မျှဝေလိုက်ပါ။ ဒီလင့်ခ်လေးကိုနှိပ်ပြီး ဝင်ကစားရုံပါပဲ

Share

Loading Next Article...
က္က