ကြီးမားတဲ့ကမ်းလှမ်းမှုတွေရခဲ့ပေမယ့် ငြင်းဆန်ခဲ့တာပါ။

စပါးတိုက်စစ်မှူးဆွန်ဟောင်မင်က သူဟာ ဆော်ဒီက ကမ်းလှမ်းမှုတွေကို ရရှိခဲ့ပေမယ့် ငြင်းဆန်ခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။ ဩစတြေးလျနိုင်ငံ၊ Perth မြို့မှာ ဝက်စ်ဟမ်းနဲ့ ရာသီကြိုခြေစမ်းပွဲကစားဖို့ ရောက်နေပြီး သတင်းစာရှင်းလင်းပွဲမှာ သူက ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

ဆော်ဒီလိဂ်ကို နာမည်ကျော်ကစားသမားအများအပြား သွားရောက်ကစားဖို့ ရှိနေကာ ဘန်ဇီမာ၊ ကန်တေအစရှိတဲ့ ကစားသမားတွေ ရောက်ရှိပြီးဖြစ်ကာ ဟန်ဒါဆန်၊ ဖာဘင်ဟိုနဲ့ နောက်ထပ် နာမည်ကျော်ကစားသမားတွေလည်း ရောက်ရှိဖို့ ကျန်နေပါသေးတယ်။ ဒါပေမယ့် ဆွန်ကတော့ သူ ပရီးမီးယားလိဂ်မှာသာ ဆက်လက်ကစားမယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။ 

"တကယ်လို့ ကျနော်သာ ဆော်ဒီကို သွားချင်တယ်ဆိုရင် အဲဒီကို ရောက်နေပါပြီ၊ ဒီမှာ ရှိနေမှာတောင် မဟုတ်တော့ပါဘူး၊ ငွေကြေးက အရေးကြီးပါတယ်၊ ဒါပေမယ့် ကျနော်က ပရီးမီးယားလိဂ်မှာ ကစားဖို့ အိပ်မက်မက်ခဲ့တာပြီး လုပ်စရာတွေ အများကြီးကျန်ပါသေးတယ်"

"အထူးသဖြင့် ပြီးခဲ့တဲ့ရာသီမှာ ကျနော် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခတွေရှိခဲ့တယ်၊ ဒါက ဆွန်နီမဟုတ်ဘူးဆိုတာ ကျနော်သိတယ်၊ ဒါကြောင့် လာမယ့်ရာသီမှာ ကျနော်တို့အားလုံးသိထားတဲ့ ဆွန်နီဆိုတာကို ပြသချင်ပါတယ်၊ ကိုယ့်ကိုကိုယ်လည်း သက်သေပြချင်ပြီး အသင်းအတွက် ကျနော် အမြဲတမ်းကစားပေးခဲ့သလိုမျိုး လုပ်ပေးချင်ပါတယ်"

"ဆော်ဒီကို ကစားသမားအများအပြား သွားရောက်ကစားနေပြီး အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်၊ ဒါပေမယ့် ကျနော်ကတော့ ဒီမှာပဲ ဆက်ကစားဖို့ အိပ်မက်ရှိတယ်၊ လာမယ့်ရာသီအတွက် အာရုံံစိုက်နေပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ တကယ်လို့ ဆွန်ဟောင်မင်သာ ဆော်ဒီကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် လုပ်ခလစာအများအပြားရရှိဖွယ်ရှိပြီး အာရှရဲ့ လစာအများဆုံးရ ကစားသမားအဖြစ် မှတ်တမ်းဝင်ဖို့တောင်ရှိပေမယ့် အဆိုပါအခွင့်အရေးကို ဆွန်က ပယ်ချသွားခဲ့တာ ဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က