အယ်လ်ဟီလယ်ကို ပြောင်းရွှေ့ခဲ့တာပါ။

နေမာတစ်ယောက် ဆော်ဒီကလပ် အယ်လ်ဟီလယ်ကို ပြောင်းရွှေ့သွားခဲ့တာက ငွေမက်တာကြောင့်ဖြစ်တယ်လို့ ဘာစီလိုနာ တိုက်စစ်မှူးဟောင်း ဂျိုနသန်ဆိုရီယာနိုက ပြောပါတယ်။ နေမာဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီကနေ ဆော်ဒီမြေကို ပြောင်းရွှေ့သွားခဲ့တာပါ။



နေမာအနေနဲ့ ဆော်ဒီမြေမှာ နှစ်နှစ်စာချုပ်အတွက် စုစုပေါင်း ယူရိုသန်း (၂၀၀) နဲ့ အထက် အသားတင်ဝင်ငွေရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော အနေအထားတွေကတစ်ဆင့်လည်း ငွေရနိုင်ခြေတွေကို ဆော်ဒီကလပ်ဘက် စီစဉ်ပေးထားပါတယ်။

အယ်လ်ဟီလယ်ဟာ မက်ဆီကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပြီး မက်ဆီကို မခေါ်ယူနိုင်ခဲ့တဲ့နောက် အခုလိုပဲ နေမာကို အရခေါ်ယူခဲ့တာပါ။ ဆိုရီယာနိုကတော့ “နေမာက သူ့အသင်းကို ချန်ပီယံလိဂ်ဖလားရအောင် ဦးဆောင်ပေးနိုင်တဲ့ အရည်အသွေးမျိုး အလုံအလောက်ရှိပါတယ်”

“သူက အခုတော့ ဒါကို လက်မြှောက်အရှုံးပေးသွားပြီလို့ ကျွန်တော် ယုံကြည်ပါတယ်။ အခုဆိုရင် ရော်နယ်ဒိုရော၊ မက်ဆီရော ဥရောပမှာ မရှိတော့ပါဘူး။ ဒီတော့ သူက အမ်ဘာပေ၊ ဟာလန်းတို့နဲ့အတူ ကမ္ဘာ့ဘောလုံးကို ဦးဆောင်နိုင်ခွင့်ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီအစား သူက ပိုက်ဆံပိုရဖို့ကိုပဲ ဆုံးဖြတ်သွားခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

နေမာကတော့ သူ အခုလိုမျိုး ဆော်ဒီကို ပြောင်းရွှေ့တာက ငွေမက်လို့မဟုတ်ဘဲ သူ့ကိုယ်သူ နေရာသစ်မှာ စမ်းသပ်လိုတာကြောင့်လို့ ဖြေရှင်းထားပါတယ်။ နေမာဟာ ဆော်ဒီပရိုလိဂ်မှာ ရော်နယ်ဒို၊ မာနေးတို့လို ကစားသမားတွေနဲ့ ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်ရတော့မှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က