မန်စီးတီးကစားသမားတွေဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် ဆော်ဒီနိုင်ငံကို သွားရောက်ကစားခဲ့ကြပြီး အဲ့ဒီက အပြန် လေယာဉ်ပေါ်မှာကတည်းက အဲဗာတန်နဲ့ပွဲအတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီအကြောင်းကို ဂွါဒီယိုလာက ပြန်လည် ပြောကြားခဲ့တာပါ။
မန်စီးတီးဟာ ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အူရာဝါရက်ဒိုင်းမွန်းစ်ကို သုံးဂိုးပြတ်၊ ဗိုလ်လုပွဲမှာ ဘရာဇီးကလပ် ဖလူမင်နိစ်ကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိပြီး ကလပ်ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒါဟာ သူတို့ရဲ့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုလည်း ဖြစ်ခဲ့တာပါ။
အဲ့ဒီနောက် အနီးစပ်ဆုံးပွဲအဖြစ် အဲဗာတန်နဲ့ ကစားခဲ့ရပြီး အဲဗာတန်ကွင်းမှာ ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးတို့ ပထမပိုင်းမှာ အဲဗာတန်ရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပေမယ့် ဒုတိယပိုင်းမှာတော့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည်ရရှိခဲ့တာပါ။
အဲ့ဒီပွဲအပြီးမှာတော့ ဂွါဒီယိုလာက “ကျွန်တော်တို့ ဆော်ဒီက အပြန် လေယာဥ်ပေါ်က ကိစ္စကို ကျွန်တော် မှတ်မိပါသေးတယ်။ ကျွန်တော့်ခုံကနေ ကစားသမားတွေ ဘာပြောလဲဆိုတာကို ကျွန်တော် နားထောင်နေတာပါ။ သူတို့ကတော့ ကျွန်တော် နားထောင်နေမှန်း မသိပါဘူး။ အဲ့ဒီအချိန်မှာပဲ သူတို့က အဲဗာတန်အကြောင်းကို စပြောပါတော့တယ်”
“ကျွန်တော်ကတော့ ဝိုး ငါ့အသင်းကတော့ ဒီလိုမျိုး နှစ်ပေါင်းများစွာကြာမှ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဖြစ်တာကို ဒါတွေ ပြောနေသေးတာပဲလို့ ဖြစ်သွားတာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။