ဘန်ဇီမာကြောင့်လို့လည်း ပြောကြားခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါကလပ် မိန့်ဇ်ရဲ့နည်းပြ ဘိုဆဗန်ဆန်က ‌ကစားသမားကောင်းတွေ အခုချိန်မှာ ဆော်ဒီလိဂ်ကို သွားရောက်ကစားနေတာက ရော်နယ်ဒိုကြောင့် မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် ဘန်ဇီမာ အယ်လ်အီတီဟတ်ကို ပြောင်းရွှေ့သွားခဲ့တာက ကျန်တဲ့ ကစားသမားတွေအတွက် တံခါးဖွင့်ပေးသလိုဖြစ်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။



ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဆောင်းရာသီမှာ ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် အယ်လ်နာဆာကို ပြောင်းရွှေ့သွားခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာတော့ ဆော်ဒီလိဂ်က ဘောလုံးပရိသတ်တွေကြားထဲမှာ တဖြည်းဖြည်း နာမည်ရလာခဲ့ပြီး လက်ရှိနွေမှာတော့ ဆော်ဒီကလပ်တွေက ငွေကြေးအလုံးအရင်း အသုံးပြုပြီး ကစားသမားကောင်းတွေကို ခေါ်ယူနေတာပါ။

ဘန်ဇီမာ၊ ကန်တေ၊ မာနေးတို့လို ကစားသမားတွေကို လာမယ့် ဆော်ဒီဘောလုံးရာသီသစ်မှာ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ ဆော်ဒီလိဂ်ကို သူက အခုလိုမျိုး တံခါးဖွင့်ပေးခဲ့တယ်လို့ ပြောခဲ့ပြီး ဆော်ဒီလိဂ်က မေဂျာလိဂ်ထက် ပိုကောင်းတယ်လို့လည်း ပြောကြားခဲ့ဖူးပါတယ်။

ဒါပေမယ့် မိန့်ဇ်နည်းပြ ဆဗန်ဆန်က “ကျွန်တော် ဒါကို တော်တော်လေး လေးလေးနက်နက်ရှိပါတယ်။ ဒါက တရုတ်စူပါလိဂ်နဲ့ကွာခြားပါတယ်။ အဲ့ဒီတုန်းက ကလပ်အသင်းတစ်သင်းကို နိုင်ငံခြားသား (၃) ယောက်ပဲ လက်ခံတာပါ။ နောက်ပြီး တကယ့်နာမည်ကြီးတွေကလည်း တရုတ်စူပါလိဂ်ကို မသွားခဲ့ကြပါဘူး”

“ကျွန်တော့်အတွက်တော့ အသက် (၃၈) နှစ်မှာ ရော်နယ်ဒို ဆော်ဒီကို ပြောင်းသွားတာက အဆုံးအဖြတ်ဖြစ်စေတယ်မထင်ပါဘူး။ ဒါပေမယ့် ဘန်ဇီမာလိုမျိုး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲတွေ ကစားထားတဲ့ ကစားသမားမျိုး ပြောင်းသွားတာက အခြားကစားသမားတွေအတွက် တံခါးဖွင့်ပေးသလို ဖြစ်ခဲ့ပါတယ်။ ကစားသမားအများစုက ဆော်ဒီကို ပြောင်းနေကြပြီး ပရီးမီးယားလိဂ်မှာ မရနိုင်တဲ့ ပိုက်ဆံကို ရနေကြတာပါ။ ဘာတွေဆက်ဖြစ်မလဲ ကျွန်တော် စိတ်လှုပ်ရှားမိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က