မနေ့က ပွဲအပြီးမှာ ပြောဆိုခဲ့တာပါ။

ရော်နယ်ဒိုကတော့ ဆော်ဒီလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံးထိပ်တန်းလိဂ် ၅ ခုထဲမှာ ပါဝင်လာလိမ့်မယ်လို့ ထပ်မံပြောဆိုလိုက်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ အယ်လ်ရှာဘတ်နဲ့ပွဲကို အနိုင်ရခဲ့ပြီးနောက် အယ်လ်နာဆာဟာ အမှတ်ပေးဇယားဒုတိယနေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး ထိပ်ဆုံးက အယ်လ်အီတီဟတ်ကို ၃ မှတ်အကွာနဲ့ ဖိအားပေးထားဆဲဖြစ်ပြီး အမှတ်ပေးဖလားအတွက် မျှော်လင့်ချက်ရှိနေပါသေးတယ်။ 

ရော်နယ်ဒိုက အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပ​ြိး အယ်လ်နာဆာရဲ့ ချန်ပီယံမျှော်လင့်ချက်ကို အသက်သွင်းပေးခဲ့တာပါ။ ပေါ်တူဂီတိုက်စစ်မှူးက အသင်းနိုင်ပွဲရပြီးနောက်မှာ အယ်လ်နာဆာက လာမယ့်ရာသီကို ပိုမိုကောင်းမွန်လာလိမ့်မယ်လို့ ပြောဆိုခဲ့သလို ဆော်ဒီလိဂ်ရဲ့ အဆင့်အတန်းကလည်း တိုးတက်လာလိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

"၂ ဂိုးပြတ်အရှုံးကနေ ပြန်လာနိုင်ဖို့ဆိုတာက တကယ်မလွယ်ပါဘူး၊ ဒါပေမယ့် ကျနော်တို့ ပြန်လာနိုင်ခဲ့ပါတယ်၊ ဒီလိဂ်က တောင့်တင်းပြီးတော့ မလွယ်ကူပါဘူး၊ အနာဂတ်မှာ ဒီလိဂ်က အကောင်းဆုံးလိဂ် ၅ ခုထဲက တခုအဖြစ်ရှိလာမှာပါ၊ အယ်လ်နာဆာကလည်း နောက်ရာသီဆိုရင် ဒီထက်ပိုပြီးတော့ ကောင်းမွန်တဲ့ အသင်းဖြစ်လာပါလိမ့်မယ်"

လို့ ရော်နယ်ဒိုက ပြောဆိုခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ ဆော်ဒီရဲ့ လူနေမှုဘ၀နဲ့ စည်းမျဉ်းစည်းကမ်းတွေကြားမှာ အဆင်မပြေတာကြောင့် ဥရောပကို ပြန်လည်ပြောင်းရွှေ့ချင်တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ ဒါပေမယ့် အခုလို သူပြောဆိုခဲ့မှုက သူ ဆော်ဒီမှာပဲ ဆက်လက်ကစားနေဦးမယ်လို့လည်း ယူဆနိုင်ပါတယ်။ ဒီရာသီမှာ သူက အယ်လ်နာဆာအတွက် လိဂ်ဂိုး ၁၄ ဂိုးအထိ သွင်းယူပေးထားပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က