အနာဂတ််အတွက် မော်ရင်ဟိုက ဖွင့်ဟခဲ့တာပါ။

ရိုးမားနည်းပြ မော်ရင်ဟိုဟာ ဆော်ဒီပရိုလိဂ်ကို တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပြောင်းရွှေ့နိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါ ပေါ်တူဂီလူမျိုးနည်းပြကြီးကို ခေါ်ယူဖို့ ဆော်ဒီကလပ်တွေကလည်း ဆက်တိုက် စိတ်ဝင်စားနေတာပါ။



ပြီးခဲ့တဲ့နွေရာသီမှာလည်း မော်ရင်ဟိုကို ခေါ်ယူဖို့ ဆော်ဒီကလပ်အသင်းတစ်သင်းက မက်လောက်စရာ ငွေကြေးနဲ့ ဆွဲဆောင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ကာယကံရှင်ကိုယ်တိုင်က ရိုးမားမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဆော်ဒီပရိုလိဂ်ဟာ ရော်နယ်ဒိုကို ခေါ်ယူနိုင်ခဲ့ပြီးကတည်းက ဥရောပထိပ်တန်းလိဂ်က ကြယ်ပွင့်ကစားသမားတွေ၊ နာမည်ကြီး နည်းပြတွေကို ဆက်တိုက် ခေါ်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း ကြယ်ပွင့်ကစားသမားအများအပြားက ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ခဲ့ကြပါတယ်။
ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ဖြစ်မလားဆိုတဲ့ မေးခွန်းတွေအပေါ် မော်ရင်ဟိုက “ကျွန်တော့်အထင် တစ်နေနေ့မှာတော့ ကျွန်တော် ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ပြောတဲ့ တစ်နေ့နေ့ဆိုတာက ဒီနေ့လည်း မဟုတ်သလို မနက်ဖြန်လည်း မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
မော်ရင်ဟိုဟာ ရိုးမားမှာ ဘဏ္ဍာရေးအခြေအနေကြောင့် အပြောင်းအရွှေ့ကိစ္စရပ်တွေကို စိတ်တိုင်းကျ ပုံဖော်ခွင့်မရတဲ့အပေါ် စိတ်ပျက်နေကြောင်း သတင်းထွက်ပေါ်နေပါတယ်။ အဲ့ဒါကြောင့်လည်း ရိုးမားကသာ ထွက်ခွာဖြစ်ခဲ့ရင် မော်ရင်ဟိုတစ်ယောက် သေချာပေါက် ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က