ရော်နယ်ဒိုက အသင်းမှာ အချိန်တိုအတွင်း ခြေစွမ်းပြနိုင်ခဲ့သူပါ။

အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမား (၁၁) ယောက်စာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရှိရပါတယ်။ ရော်နယ်ဒိုဟာ ရာသီဝက်ကာလမှ အာရှမြေကို ရောက်ရှိလာခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။



ဒါပေမယ့် သူက အသင်းအတွက် အချိန်တိုအတွင်းမှာ လိဂ်သွင်းဂိုး (၁၄) ဂိုး သွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ ‌ဆော်ဒီလိဂ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ အဆင့် (၅) နေရာက ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အယ်လ်နာဆာအနေနဲ့ အယ်လ်အီတီဟတ်နဲ့လည်း လိဂ်ချန်ပီယံဆုအတွက် ရာသီသိမ်းခါနီးအထိ တိုက်ပွဲဝင်ခဲ့ရပါသေးတယ်။

ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်ကတော့ ဆော်ဒီလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားစာရင်းမှာ ပါဝင်ဖို့ လုံလောက်တယ်လို့ ယူဆခံခဲ့ရပေမယ့် Opta က ထုတ်ပြန်လာတဲ့ ဒီစာရင်းမှာတော့ ရော်နယ်ဒိုကို ချန်လှပ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုရဲ့နေရာမှာ ပါဝင်လာခဲ့တဲ့ ကစားသမားက ယူနိုက်တက်တိုက်စစ်မှူးဟောင်း အီဂါလိုပဲဖြစ်ပါတယ်။


အီဂါလိုဟာ အယ်လ်ဟီလယ်ရဲ့တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး အသင်းအတွက် (၂၇) ပွဲ ကစား၊ (၁၉) ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ အခု ထုတ်ပြန်လိုက်တဲ့ ဆော်ဒီလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားစာရင်းကတော့ ရော်နယ်ဒို မပါဝင်လာခဲ့မှုနဲ့အတူ အခြားသော အငြင်းပွားစရာတွေလည်း ရှိနေပါသေးတယ်။

ဒီစာရင်းမှာ ဟမ်ဒါလာနဲ့ ဆော်ဒီလိဂ်မှာ ဒုတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမား တာလီစကာတို့ မပါဝင်လာခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ တိုက်စစ်ပိုင်းမှာ အီဂါလိုနဲ့အတူ အယ်လ်ဘရီကန်၊ ဘတ်နာတို့ တွဲဖက် ပါဝင်လာခဲ့တာြဖစ်ပါတယ်။ လာမယ့်ရာသီမှာတော့ ဆော်ဒီလိဂ်မှာ ရော်နယ်ဒိုအပြင် ဘန်ဇီမာ၊ ကန်တေတို့လို နာမည်ကျော်တွေကို ထပ်မံမြင်တွေ့ရဦးမှာဖြစ်ပြီး အခြားသော နာမည်ကျော်အချို့လည်း ဒီနွေရာသီမှာ ထပ်မံရောက်ရှိလာနိုင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က