ဘန်ဇီမာက တုံ့ပြန်လာခဲ့တာပါ။

ဘန်ဇီမာတစ်ယောက် ဆော်ဒီကလပ် အယ်လ်အီတီဟတ်မှာ မပျော်မရွှင်ဖြစ်နေပြီး ပြဿနာတက်ခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် ကလပ်အသင်းဘက်ကရော၊ ကစားသမားဘက်ကပါ ဆိုရှယ်မီဒီယာမှာ ငြင်းဆိုသွားခဲ့ပါတယ်။ ဘန်ဇီမာဟာ လက်ရှိနွေရာသီမှ ရီးရဲလ်မက်ဒရစ်ကနေ ရောက်ရှိလာခဲ့တာပါ။



ဘန်ဇီမာဟာ နည်းပြ နူနိုဆန်တိုနဲ့ အဆင်မပြေဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး နူနိုဆန်တိုက ဘန်ဇီမာကို ကြိုက်နှစ်သက်ခြင်းမရှိသလို၊ သူ့ကို ခေါ်ယူဖို့လည်း မတောင်းဆိုခဲ့ပါဘူး။ ဒါ့အပြင် ဘန်ဇီမာက အသင်းခေါင်းဆောင်ရာထူးကို တောင်းဆိုချိန်မှာလည်း နူနိုဆန်တိုက ငြင်းဆန်ပယ်ချခဲ့ပါတယ်။


အဲ့ဒါကြောင့်လည်း ဘန်ဇီမာက အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို ပျက်ကွက်ခဲ့ပြီး အယ်လ်အီတီဟတ်ကနေ ပြန်လည်ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။ ဒါပေမယ့် အခုချိန်မှာတော့ ဒီသတင်းတွေကို ကလပ်အသင်းဘက်ကရော၊ ကစားသမားဘက်ကပါ ငြင်းဆန်သွားခဲ့ပါတယ်။

အယ်လ်အီတီဟတ်ဟာ ဗီဒီယိုတစ်ခုကို “KB 9 က အမြဲတမ်း ပျော်ရွှင်နေပါတယ်” လို့ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါဗီဒီယိုထဲမှာ ဘန်ဇီမာနဲ့နူနိုဆန်တိုတို့ လေ့ကျင့်ရေးကွင်းမှာ စကားပြောနေတဲ့ မြင်ကွင်းတွေကိုလည်း မြင်တွေ့ခဲ့ရပြီး ကစားသမားကိုယ်တိုင်ကလည်း ဒီဗီဒီယိုကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေခဲ့ပါတယ်။

ဘန်ဇီမာဟာ မနေ့ညက ကစားခဲ့တဲ့ အယ်လ်ရီယက်ဒ်ကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ပြီး အသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းရရှိလာတဲ့ ပင်နယ်တီကိုလည်း ကိုယ်တိုင်မကန်သွင်းဘဲ အသင်းဖော် ကစားသမားကို ကန်သွင်းခွင့်ပေးခဲ့ပါတယ်။ 

Share

Loading Next Article...
က္က