ဆော်ဒီရဲ့ အဝတ်လဲခန်းတွေက စိတ်ပျက်စရာကောင်းနေပါတယ်။

ဆော်ဒီအာရေဗျလိဂ်မှာ အသုံးပြုနေတဲ့ အဝတ်လဲခန်းတွေရဲ့ အနေအထားအပေါ် ပရိသတ်တွေက ဝေဖန်နေကြပြီး ရော်နယ်ဒို၊ ဘန်ဇီမာတို့လို နာမည်ကျော်တွေက ဒါမျိုး အဝတ်လဲခန်းတွေကို အသုံးပြုနေရတာလားလို့ မေးခွန်းထုတ်နေကြပါတယ်။



ဆော်ဒီကလပ်တွေဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ဥရောပထိပ်တန်းအသင်းကြီးတွေက နာမည်ကျော် ကစားသမားတွေကို ငွေကြေးအလုံးအရင်းပေးပြီး ခေါ်ယူနေတာပါ။ ဒါ့အပြင် အသင်းတွေရဲ့ အနေအထားကလည်း ငွေကြေးပိုင်းအရ လှည့်ကြည့်စရာ မလိုအောင် ချမ်းသာကြွယ်ဝနေတာကြောင့် ဘန်ဇီမာ၊ ကန်တေတို့အပါအဝင် နာမည်ကျော် အများအပြားက လက်ရှိနွေရာသီမှာ ဆော်ဒီကို ရောက်ရှိလာကြပါတယ်။


ရော်နယ်ဒိုကို ပြီးခဲ့တဲ့ ဆောင်းရာသီမှာ ခေါ်ယူခဲ့ပြီးတဲ့နောက် ဆော်ဒီကလပ်တွေက နာမည်ကျော် ကစားသမားတစ်ယောက်ရဲ့ အကျိုးကျေးဇူးကို သိရှိသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အခုလိုမျိုး နာမည်ကျော်ကစားသမားအများအပြားကို ငွေကြေးနဲ့ ဆွဲဆောင်ပြီး ခေါ်ယူလျက်ရှိနေတာပါ။

ဒါပေမယ့် နောက်ကွယ်မှာတော့ ဆော်ဒီကလပ်တွေရဲ့ အဝတ်လဲခန်းက သားသားနားနားမရှိဘဲ ဖြစ်သလို ပုံစံမျိုး ဖန်တီးထားတာကို ရုပ်သံမြင်ကွင်းတွေအရ သိရှိရပါတယ်။ ရော်နယ်ဒိုအပါအဝင် အယ်လ်နာဆာ ကစားသမားတွေ အသုံးပြုခဲ့ရတဲ့ အဝတ်လဲခန်းတစ်ခုအတွင်းမှာဆိုရင် ကစားသမားတစ်ယောက်ချင်းစီအတွက် ထိုင်ခုံတစ်လုံးစီသာ စီစဉ်ပေးထားပါတယ်။ တစ်ဖက်မှာတော့ အယ်လ်နာဆာရဲ့ အဝတ်လဲခန်းနဲ့ နှိုင်းယှဉ်ပြီး ရော်နယ်ဒိုတစ်ယောက် အဝေးကွင်း သွားကန်ရတိုင်း ကြုံရတဲ့ အခက်အခဲကို မီးမောင်းထိုးပြထားပါတယ်။


အဲ့ဒီထိုင်ခုံပေါ်မှာပဲ ကစားသမားတွေရဲ့ ဂျာစီ၊ ဘောင်းဘီနဲ့ အခြားသော လိုအပ်တဲ့ အသုံးအဆောင်တွေကို တင်ထားရပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက “ဆော်ဒီလိဂ်ကို ချမ်းသာတယ်လို့ ထင်ခဲ့တာပါ” “ကစားသမားတွေကို ခေါ်ဖို့အတွက် ဘီလီယံနဲ့ချီ အသုံးပြုခဲ့ပေမယ့် လိုအပ်တဲ့ အဆောက်အအုံတွေက လုံးဝသုညပါပဲ” “အဝတ်လဲခန်းက အပျော်တမ်းလိဂ်က အဝတ်လဲခန်းတွေလောက်တောင် မရှိဘူး” လို့ အမျိုးမျိုး ဝေဖန်သုံးသပ်ခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က