အယ်လ်ဟီလယ်အတွက် ခြေစွမ်းမပြနိုင်ဖြစ်နေပြီး ဂိုးမသွင်းနိုင်သေးပါဘူး။

ဆော်ဒီကလပ် အယ်လ်ဟီလယ်အတွက် နောက်ဆုံးကစားခဲ့တဲ့ ၂ပွဲမှာ သွင်းဂိုးရော၊ ဖန်တီးမှုပါ မရခဲ့တဲ့နောက် နေမာတယောက် ဝေဖန်ခံနေရပါတယ်။ အာရှချန်ပီယံလိဂ်နဲ့ ဆော်ဒီလိဂ်ပွဲတွေကို ကစားပေးခဲ့ရာမှာ နေမာ ခြေစွမ်းမပြနိုင်ခဲ့ဘဲ ရုန်းကန်ခဲ့ရပြီး သူ့ရဲ့ စိတ်ဓာတ်ပိုင်းကိုလည်း မေးခွန်းထုတ်မှုတွေ ရှိလာခဲ့ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ဒါမက်နဲ့ပွဲမှာ အယ်လ်ဟီလယ်တို့ သရေသာ ကစားနိုင်ခဲ့ပါတယ်။ နာမည်ကျော်ကစားသမားတွေ အားလုံးနီးပါးကို သူတို့အသုံးပြုခဲ့ပေမယ့် အနိုင်မယူနိုင်ခဲ့ပါဘူး။ အာရှချန်ပီယံလိဂ်မှာလည်း သရေကျခဲ့သလို အမှတ်ပေးပွဲမှာလည်း သရေထပ်ကျခဲ့ကာ နေမာလည်း ၂ပွဲစလုံးမှာ ဆိုးရွားတဲ့ ပုံစံသာ ရှိနေခဲ့ပါတယ်။ 

ညကပွဲမှာဆိုရင် ပွဲကို စီစဉ်တင်ဆက်နေသူက "နေမာက ပြိုင်ဘက်ကစားသမားတွေလောက်တောင်မှ စိတ်ပိုင်းဆိုင်ရာပြင်းပြမှုကို မပြသခဲ့ဘူး" လို့ ပြောဆိုခဲ့တဲ့အထိပါပဲ။ ဘရာဇီးလ်အတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ကစားပေးခဲ့တုန်းက နေမာရဲ့ ပုံစံနဲ့လည်း အများကြီးကွဲပြားနေခဲ့တာတော့ အမှန်ပါပဲ။ 

အာရှချန်ပီယံလိဂ်ပွဲတုန်းကလည်း ပြိုင်ဘက်ကစားသမားကို ဘောလုံးနဲ့တည်ကန်တဲ့အထိ လုပ်ခဲ့ကာ အဲဒီအပြုအမူအတွက်လည်း ဝေဖန်ခံခဲ့ရပါသေးတယ်။ နေမာက သူ စိတ်ပါလက်ပါနဲ့ ကစားရင် ကစားသလောက် ခြေစွမ်းပြနေပြီး အားထုတ်မှုမလုပ်ဘူးဆိုရင်လည်း စိတ်ပျက်စရာကောင်းနေကာ အခုချိန်ထိ ရင့်ကျက်မှုမရှိသေးဘူးလို့လည်း မှတ်ချက်ပြုခံနေရပါတယ်။ 

Share

Loading Next Article...
က္က