ဘန်ဇီမာကို ပရိသတ်တွေကတောင် ပြန်လှောင်နေကြတာပါ။

အယ်လ်အီတီဟတ် တိုက်စစ်မှူး ဘန်ဇီမာဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဆော်ဒီမြေကို ပြောင်းရွှေ့လာခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့ စိတ်ပျက်ဖွယ်ရာ အနေအထားကို ဖြတ်သန်းနေရပြီဖြစ်ပါတယ်။ ဘန်ဇီမာဟာ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲခဲ့တာလည်း ဖြစ်ပါတယ်။



တစ်နှစ်လုပ်ခ ပေါင် (၈၆) သန်းအထိ ရရှိနေတဲ့ ဘန်ဇီမာဟာ အယ်လ်အီတီဟတ်နည်းပြဟောင်း နူနိုဆန်တိုနဲ့လည်း အဆင်မပြေဖြစ်ခဲ့ပါဘူး။ အဲ့ဒီနောက်မှာတော့ နူနိုဆန်တိုက ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပြီး လက်ရှိမှာ ပရီးမီးယားလိဂ်ကလပ် နော်တင်ဟမ်ဖောရက်စ်ကို ကိုင်တွယ်နေပါပြီ။

ပြင်သစ်သတင်းစာရဲ့ ဖော်ပြချက်အရ ဘန်ဇီမာရဲ့ ပရိသတ်တွေကိုယ်တိုင်ကပါ ဘန်ဇီမာကို “ဘန်ဟာဇီမာ” လို့ အမည်ပြောင် သုံးနှုန်းခေါ်ဝေါ်နေကြပါတယ်။ ဒါကတော့ အာရပ်ဘာသာစကားအရဆိုရင် “အရှုံးသမား” လို့ အဓိပ္ပာယ်ရပါတယ်။

ဒါ့အပြင် သူ့အသင်း အယ်လ်အီတီဟတ်ဟာ လက်ရှိမှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အယ်လ်ဟီလာနဲ့လည်း (၂၂) မှတ်အထိ ပြတ်သွားခဲ့ပြီဖြစ်ပါတယ်။ အဆင့် (၆) နေရာမှာ ရပ်တည်နေတဲ့ အယ်လ်အီတီဟတ်အနေနဲ့ ဒီရာသီမှာ ရှုံးပွဲ (၆) ပွဲအထိ ရင်ဆိုင်ထားရပြီး ပြီးခဲ့တဲ့ရာသီမှာ ကြုံတွေ့ခဲ့ရတဲ့ ရှုံးပွဲအရေအတွက်ထက် (၄) ပွဲ ပိုမို များပြားနေပါတယ်။

အယ်လ်အီတီဟတ်ရဲ့ ပရိသတ်တွေကလည်း ဘန်ဇီမာက ပျင်းရိလွန်းပြီး အသင်းအတွက် ကစားပေးချင်စိတ်၊ ကြိုးစားအားထုတ်လိုစိတ် မရှိကြောင်း သုံးသပ်ပြောကြားနေပါတယ်။ ဘန်ဇီမာဟာ သူ့ရဲ့ အင်စတာဂရမ်အကောင့်ကိုလည်း ဖျက်သိမ်းခဲ့ဖွယ်ရှိကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က