ရော်နယ်ဒိုက ခြေစွမ်းပြနေဆဲပါ။

မနေ့ညက ကစားခဲ့တဲ့ အယ်လ်ဝါဒါနဲ့ အယ်လ်နာဆာတို့ရဲ့ ဆော်ဒီလိဂ်မှာတော့ ဧည့်သည် အယ်လ်နာဆာက ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ အယ်လ်နာဆာအတွက် တတိယမြောက်သွင်းဂိုးကို ရော်နယ်ဒိုက သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။



အယ်လ်နာဆာဟာ ဒီနိုင်ပွဲကြောင့် ဆော်ဒီပရိုလိဂ်ရဲ့ အမှတ်ပေးဇယားမှာ ဒုတိယနေရာက ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပထမနေရာကိုလည်း (၄) မှတ်အကွာနဲ့ ဖိအားပေးထားဆဲဖြစ်ပြီး ရော်နယ်ဒိုအတွက်လည်း မှတ်တမ်းကောင်းတွေ ရရှိခဲ့ပါတယ်။
အသက် (၃၈) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ဒီရာသီ ဆော်ဒီလိဂ်မှာ (၁၂) ပွဲကစား၊ (၁၃) ဂိုးသွင်းယူပေးထားပြီး ပြိုင်ပွဲစုံမှာလည်း သူ့ရဲ့ သွင်းဂိုးက (၁၆)​ ဂိုးအထိ ရှိလာခဲ့ပါတယ်။ မနေ့ညက သွင်းဂိုးကြောင့်လည်း ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း ဘန်ဇီမာရဲ့ အထက်မှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။
မနေ့ညက အယ်လ်နာဆာအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တဲ့ ကစားသမားကလည်း ယူနိုက်တက် နောက်ခံလူဟောင်း အဲလက်စ်တဲလက်စ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်ကစားသမား မာနေးကတော့ ဒီပွဲမှာ​ဂိုးလည်းမသွင်း၊ ဂိုးလည်း မဖန်တီးပေးနိုင်ခဲ့ပါဘူး။
မာနေးအတွက် ဒါမျိုးဖြစ်ခဲ့တာကတော့ လေးပွဲဆက်တိုက်ရှိခဲ့ပြီး ရော်နယ်ဒို ဆက်တိုက် ခြေစွမ်းပြ ဂိုးသွင်းနေချိန်မှာ မာနေးတစ်ယောက် ရုန်းကန်နေရတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အာရှချန်ပီယံလိဂ်ပွဲစဉ်တွေမှာလည်း အယ်လ်နာဆာအတွက် ခြေစွမ်းပြနေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

Share

Loading Next Article...
က္က