မက်ဆီရဲ့ နာမည်ကို အော်ဟစ်ခဲ့ကြတာပါ။

စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို အာရှတိုက်က ဆော်ဒီမြေမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲတွေမှာ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီး အယ်လ်ကလက်စီကို ဗိုလ်လုပွဲကို ခံစားခွင့်ရမှာလည်း ဖြစ်ပါတယ်။



စျေးကွက်စီးပွားရေးအရ ပြီးခဲ့တဲ့နှစ်ကတည်းက စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်နှစ်ပွဲနဲ့ ဗိုလ်လုပွဲတို့ကို ဆော်ဒီနိုင်ငံမှာ ကျင်းပခဲ့တာပါ။ ဆော်ဒီဟာ ပရိုလိဂ်ကိုလည်း ရော်နယ်ဒိုအပါအဝင် နာမည်ကျော်ကစားသမားတွေနဲ့ အောင်မြင်အောင် ကျင်းပလျက်ရှိပါတယ်။
ဒါပေမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘာစီလိုနာနဲ့ အိုဆာဆူနာတို့ ပွဲစဉ်မှာတော့ ရော်နယ်ဒိုအတွက် ဆော်ဒီမြေက ပရိသတ်တွေကို စိတ်ကွက်စရာကိစ္စဖြစ်ပွားခဲ့ပါတယ်။ အဆိုပါပွဲရဲ့ ပွဲကစားချိန် (၁၀) မိနစ်မှာ ကွင်းအတွင်းရှိတဲ့ ပရိသတ်တွေက ဘာစီလိုနာဂန္တဝင်ဟောင်း မက်ဆီရဲ့ နာမည်ကို သံပြိုင်အော်ဟစ် သီဆိုခဲ့ကြတာပါ။
ပွဲချိန် (၁၀) မိနစ်မှာ အော်ဟစ်ခဲ့တာက မက်ဆီဟာ ကျောနံပါတ် (၁၀) ဝတ်ရင်း ဘာစီလိုနာနဲ့အတူ အောင်မြင်မှုပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် ဒီအချိန်မှာ ဂုဏ်ပြုခဲ့တာလို့လည်း ယူဆရပါတယ်။ ဆော်ဒီမြေမှာ ရော်နယ်ဒိုက ဘုရင်တစ်ပါး၊ မင်းသားတစ်ပါးလို ဖြစ်နေခဲ့ပြီး ဆော်ဒီမြေမှာ ရှိတဲ့ ပရိသတ်တွေက ဒါမျိုး လုပ်ခဲ့တာ သူ့အတွက်တော့ နေမထိထိုင်မသာဖြစ်စေမှာပါ။

ဆော်ဒီပရိသတ်တွေဟာ ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီကရူးစ်ကို အော်ဟစ်လှောင်ပြောင်ခဲ့ပါသေးတယ်။ အကြောင်းရင်းကတော့ ဆော်ဒီမြေကို ပြောင်းရွှေ့တဲ့ ကစားသမားတွေက ငွေကြေးကြောင့်သာဖြစ်တယ်လို့ ကရူးစ်က ပြောကြားခဲ့ဖူးတာကြောင့်ပါ။

Share

Loading Next Article...
က္က