ရော်နယ်ဒိုက ဆော်ဒီလိဂ်ကို ဆက်တိုက် ပရိုမိုးရှင်းဆင်းပေးနေတာပါ။

အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုက သူ လက်ရှိ ကစားနေတဲ့ ဆော်ဒီပရိုလိဂ်က ပြင်သစ်လီဂူးထက် ပိုကောင်းတဲ့လိဂ်တစ်ခုဖြစ်နေတဲ့အကြောင်း ဖွင့်ဟလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ် ဆောင်းရာသီမှာ ဆော်ဒီလိဂ်ကို ရောက်ရှိလာခဲ့တာပါ။



ဒီလိုမျိုး စတင်ရောက်ရှိလာချိန်ကတည်းက ရော်နယ်ဒိုဟာ ဆော်ဒီလိဂ်အနေနဲ့ တစ်နေ့နေ့မှာ ထိပ်တန်းလိဂ်တစ်ခုဖြစ်လာမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။ ဆော်ဒီကလပ်တွေကလည်း ငွေကြေးအင်အားကို အသုံးပြုပြီး ဥရောပက နာမည်ကျော် ကစားသမားတွေကို ခေါ်ယူနေပါတယ်။
လက်ရှိ ဘောလုံးရာသီ ဆော်ဒီလိဂ်မှာ ရော်နယ်ဒိုအပြင် ဥရောပက အခြားသော နာမည်ကျော် ကစားသမားတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ရော်နယ်ဒို၊ မက်ဆီတို့ခေတ်လွန် ကမ္ဘာ့ဘောလုံးလောကကို ဦးဆောင်မယ့် ကစားသမားလို့ သတ်မှတ်ခံထားရသူ နေမာလည်း ဆော်ဒီလိဂ်ကို ရောက်ရှိလာခဲ့ပါတယ်။
ရော်နယ်ဒိုက “ဆော်ဒီအာရေေဗျမှာ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်ခဲ့တာကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ သူတို့က လိုချင်တာကို ပြောလေ့ရှိပြီး ဒါကလည်း ကျွန်တော့်အမြင်ပါ။ ဒါပေမယ့် ကျွန်တော်လည်း အခု ဆော်ဒီလိဂ်မှာ ကစားနေပြီး သူတို့ ဘာကို ပြောချင်လဲဆိုတာကို ကျွန်တော် သိပါတယ်”
“ကျွန်တော့်အထင် ဆော်ဒီလိဂ်က အခုချိန်မှာ ပြင်သစ်လီဂူးဝမ်းထက် ပိုမိုကောင်းမွန်နေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။ အမ်ဘာပေဟာ လက်ရှိ ပြင်သစ်လီဂူးမှာ ကစားနေပြီး ရော်နယ်ဒိုရဲ့ ခေတ်ပြိုင်ကစားသမား မက်ဆီကလည်း အဆိုပါလိဂ်မှာ ကစားသမားဘဝ (၂) နှစ်ကြာ အချိန်ကုန်ဆုံးခဲ့ဖူးပါတယ်။

Share

Loading Next Article...
က္က