ဒီဘရိုင်းအတွက် သတိထားရမယ့် အချက်တွေလည်း ဖြစ်ပါတယ်။

မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းဟာ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ဖို့ စဉ်းစားနေသည့်တိုင် သူ့အေးဂျင့်ကြောင့် ဆော်ဒီပရိုလိဂ်မှာ နာမည်ပျက်စာရင်းဝင်မယ့် အရေးနဲ့ ကြုံတွေ့နေရပါတယ်။ ဒီဘရိုင်းဟာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမားပါ။



ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ဒီဘရိုင်းက ဆော်ဒီပရိုလိဂ်မှာ ရရှိမယ့် လုပ်ခလစာက မက်လောက်စရာဖြစ်ကြောင်း၊ (၁၅) နှစ်လောက် ဘောလုံးကစားလာတာက ဆော်ဒီမှာ (၂) နှစ်လောက် ကစားလို့ရမယ့် ပမာဏကိုမမီကြောင်း ပြောကြားခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီဘရိုင်းနဲ့ ဆော်ဒီလိဂ် အပြောင်းအရွှေ့က ကျယ်လောင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆော်ဒီပရိုလိဂ်ရဲ့ စည်းကမ်းတစ်ခုကြောင့်လည်း ဒီဘရိုင်းနဲ့ သူ့အေးဂျင့်တို့ သတိထားဖို့ လိုအပ်နေပါတယ်။ အဲ့ဒါကတော့ ကစားသမားတစ်ယောက်အနေနဲ့ အသင်းတစ်သင်းဆီကနေ မက်လောက်စရာ လစာငွေ၊ ခံစားခွင့်တွေ ရရှိဖို့အတွက် အခြားအသင်းတစ်သင်းကို အသုံးချခဲ့မယ်ဆိုရင် နာမည်ပျက်စာရင်း သွင်းခံရမယ်ဆိုတာပါပဲ။

လက်ရှိမှာ ဒီဘရိုင်းကို ခေါ်ယူလိုတဲ့ ဆော်ဒီပရိုလိဂ်အသင်းက အနည်းဆုံး လေးသင်းအထိ ရှိနေပါတယ်။​ အဲ့ဒါကြောင့်လည်း ဒီဘရိုင်းတို့ ဒါကို သတိထားဖို့ လိုအပ်နေပြီး အခန့်မသင့်ရင် ဒုက္ခများသွားနိုင်ခြေရှိတာပါ။

ဒါ့အပြင် ဆော်ဒီလိဂ်က နောက်ထပ်စည်းကမ်းတစ်ခုအရ အသင်းတစ်သင်းအနေနဲ့ တစ်နှစ်လုပ်ခ အမေရိကန်ဒေါ်လာ (၃) သန်းနဲ့အထက် ပေးရမယ့် ကစားသမားကို ခေါ်ယူမယ်ဆိုရင် လိဂ်ရဲ့ ခွင့်ပြုချက် လိုအပ်ကြောင်းလည်း သိရှိရပါတယ်။

Share

Loading Next Article...
က္က