ကစားသမားဘဝက အနားယူသွားပြီဖြစ်တဲ့ တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်ဟာ ဆော်ဒီမြေကို ကြယ်ပွင့် ကစားသမားတွေ ပြောင်းရွှေ့နေတာနဲ့ ပတ်သက်လို့ သူ့ရဲ့ အမြင်ကို ဖွင့်ဟလာခဲ့ပါတယ်။ ဒါပေမယ့် အီဘရာဟီမိုဗစ်ကတော့ ဒီစကားတွေထဲမှာ ထိုးနှက်ချက်တွေ ပါဝင်ခဲ့ပြီး တစ်ဖက်ကစားသမားတွေအတွက်တော့ အထိနာစရာပါ။
ပြီးခဲ့တဲ့ ဆောင်းရာသီမှာ ရော်နယ်ဒိုတစ်ယောက် အယ်လ်နာဆာကို ရောက်ရှိသွားခဲ့တာကစလို့ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့တစ်ခုလုံးမှာ ဆော်ဒီကလပ်တွေက အပြောင်းအရွှေ့ဈေးကွက်အတွင်း ခြေရှုပ်ခဲ့ကြပါတယ်။ ဒီအသင်းတွေဟာ ကစားသမားဘဝ နေဝင်ချိန်ကို ရောက်ရှိနေတဲ့ ကစားသမားတွေကို ခေါ်ယူတာမျိုး မဟုတ်ဘဲ လက်ရှိမှာတောက်ပနေတဲ့ ကြယ်ပွင့်တွေကို အရခေါ်ယူခဲ့တာပါ။
ဒီလိုမျိုး ခေါ်ယူတဲ့နေရာမှာ ကစားသမားတွေအတွက် ငြင်းဆန်ရခက်တဲ့ ငွေကြေးပမာဏကို မက်လုံးအဖြစ် သုံးစွဲခဲ့ပါတယ်။ အီဘရာဟီမိုဗစ်ကတော့ “ကျွန်တော်ဆိုရင်လည်း တရုတ်တို့၊ ဆော်ဒီတို့ကနေ ကမ်းလှမ်းမှုတွေ ရခဲ့တာပဲလေ။ ဒါပေမယ့် အခြေအနေက ခင်ဗျား ဘာလိုချင်လဲ၊ ရည်ရွယ်ချက်က ဘာလဲဆိုတာပါပဲ။ ကျွန်တော် အရင်က ပြောခဲ့သလိုပါပဲ”
အချို့ကစားသမားတွေအတွက် မြင့်မားတဲ့ အဆင့်တစ်ခုမှာ ကစားသမားဘဝ အဆုံးသတ်ဖို့ လိုအပ်ပါတယ္။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ကစားသမားဘဝက မြင့်မြင့်မားမား ပြီးဆုံးခဲ့လို့လေ။ ခင်ဗျားရဲ့ အရည်အချင်းကို သတိရဖို့ လိုအပ်ပါတယ်။ ဘယ်လောက်ရှာနိုင်လဲဆိုတာမျိုး မဟုတ်ပါဘူး”
“ဆန့်ကျင်ဘက်အနေနဲ့ ခင်ဗျား လေ့ကျင့်ရေးကွင်းမှာ ဘာတွေလုပ်နေလဲ၊ ဘာတွေရည်ရွယ်ထားလဲဆိုတာက ကျွန်တော်တို့ရဲ့ အရည်အချင်းပါ။ ဒါကိုပဲ ခင်ဗျား အမှတ်ရနေဖို့ လိုအပ်တာပါ။ ဒါပေမယ့် အချို့ ကစားသမားတွေအတွက်ကတော့ ပိုက်ဆံ အများကြီး ရမယ့်နေရာကို ရောက်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ လုံလုံလောက်လောက် မရှာထားလို့ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။