နည်းပြနဲ့ ပြဿနာဖြစ်ပွားနေတာပါ။

လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ်ကနေ ဆော်ဒီကလပ် အယ်လ်အီတီဟတ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူး ဘန်ဇီမာဟာ အသင်းသစ်မှာ အဆင်မပြေဖြစ်နေကြောင်း သိရှိရပါတယ်။ အကြောင်းရင်းကတော့ သူနဲ့ နည်းပြ နူနိုဆန်တိုတို့အကြား ပြဿနာကြောင့်လို့ သတင်းတွေက ဖော်ပြနေပါတယ်။



ဝုလ်ဗ်နည်းပြဟောင်းဟာ ဘန်ဇီမာကို နှစ်သက်ခြင်းမရှိဘဲ သူ့ရဲ့ ကစားဟန်နဲ့ ကိုက်ညီမှုမရှိသူလို့ ယူဆထားပါတယ်။ ဒါ့အပြင် ဘန်ဇီမာက အသင်းမှာ အံဝင်ဖို့မရှိဘူးလို့ နူနိုဆန်တိုက ဘုတ်အဖွဲ့ကို ပြောကြားခဲ့သလို ဒီကစားသမားကို မခေါ်ယူဖို့အတွက်လည်း တောင်းဆိုခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း အယ်လ်အီတီဟတ်တာဝန်ရှိသူတွေကတော့ ဥရောပရဲ့ ကြယ်ပွင့်ကစားသမားကြီးကို အရခေါ်ယူခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဘန်ဇီမာနဲ့ နူနိုဆန်တိုတို့အကြား ပြဿနာက ကြီးထွားလာခဲ့ပြီး အခုချိန်မှာတော့ အဆိုးရွားဆုံး အနေအထားတစ်ရပ်ကို ရောက်ရှိလာခဲ့ပါပြီ။

ဘန်ဇီမာဟာ အယ်လ်အီတီဟတ်အသင်းခေါင်းဆောင်ရာထူးအတွက် တောင်းဆိုခဲ့ပေမယ့် နူနိုဆန်တိုက ငြင်းဆန်ပယ်ချခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဘန်ဇီမာက အသင်းနဲ့အတူ လေ့ကျင့်ခန်းမဆင်းတော့ဘဲ အသင်းကနေ ပြန်လည်ထွက်ခွာဖို့အထိ ရှိနေကြောင်း သတင်းတွေက ဆက်တိုက်ဖော်ပြနေပါတယ်။

ဘန်ဇီမာဟာ ဆော်ဒီကလပ်အတွက် ဒီရာသီ နှစ်ပွဲကစားပြီးချိန်မှာ ဂိုးမသွင်းနိုင်သေးပေမယ့် အယ်လ်ရက်ဒ်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာတော့ အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဘန်ဇီမာဟာ အယ်လ်အီတီဟတ်နဲ့ (၂) နှစ်ခွဲ သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားပြီး ဒီအတွက် ယူရိုသန်း (၆၀၀) အထိ ရရှိနိုင်ကြောင်း သိရှိရပါတယ်။  

Share

Loading Next Article...
က္က