မနေ့ညက ဂိုးကြောင့် ကျော်တက်နိုင်ခဲ့တာပါ။

ပီအက်စ်ဂျီတိုက်စစ်ကြယ်ပွင့် မက်ဆီဟာ မနေ့ညက ကစားခဲ့တဲ့ စထရာဘော့နဲ့ ပြင်သစ်လီဂူးပွဲစဥ်မှာ အသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် မဟာပြိုင်ဘက် ရော်နယ်ဒိုရဲ့ စံချိန်မှတ်တမ်းတစ်ခုကို ကျော်တက်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီတို့ တစ်ဂိုးစီသရေနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။



ဒါပေမယ့်လည်း မက်ဆီအတွက်တော့ ကျေနပ်စရာရှိခဲ့ပြီး ဒီပွဲရဲ့ သွင်းဂိုးက ရော်နယ်ဒို ဥရောပထိပ်တန်းလိဂ် (၅) ခုမှာ သွင်းယူထားတဲ့ သွင်းဂိုးအရေအတွက်ကို ကျော်ဖြတ်ဖို့ လုံလောက်ခဲ့ပါတယ်။ ယူနိုက်တက်၊ ဂျူဗင်တပ်စ်၊ ရီးရဲလ်မက်ဒရစ်တို့မှာ ကစားခဲ့ဖူးတဲ့ ရော်နယ်ဒိုဟာ ဥရောထိပ်တန်းလိဂ် (၅) ခုမှာ ပွဲပေါင်း (၆၂၆) ပွဲ ကစားပြီး (၄၉၅) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဘာစီလိုနာမှာ ကစားခဲ့ပြီး လက်ရှိ ပီအက်စ်ဂျီမှာ ကစားနေတဲ့ မက်ဆီကတော့ ပွဲပေါင်း (၅၇၇) ပွဲမှာ သွင်းဂိုး (၄၉၆) ဂိုးနဲ့အတူ ရော်နယ်ဒိုကို ကျော်တက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘလွန်းဒီအော်ဆုကိုလည်း (၇) ကြိမ် ရရှိထားပြီး ရော်နယ်ဒိုထက် အပြတ်အသတ် အသာရထားတဲ့ မက်ဆီက ဒီတစ်ကြိမ် စံချိန်မှတ်တမ်းမှာလည်း ရော်နယ်ဒို လိုက်မမီတော့တဲ့အထိ ရှေ့ဆက်နိုင်ဖို့ အခွင့်အရေးရှိပါတယ်။

လက်ရှိမှာ ရော်နယ်ဒိုက ဆော်ဒီကလပ် အယ်လ်နာဆာမှာ သွားရောက် ကစားနေပြီး သူကိုယ်တိုင်က ဥရောပကို ပြန်လာချင်တယ်ဆိုပေမယ့် ခေါ်ယူလိုတဲ့ ဥ‌ရောပထိပ်တန်းအသင်းက လက်ရှိအချိန်အထိ မရှိသေးပါဘူး။ မက်ဆီကတော့ လာမယ့်နွေမှာ ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိပြီး ရော်နယ်ဒိုရဲ့ ဒီဂိုးသွင်းစံချိန်ကို ကျော်တက်နိုင်သလောက် ကျော်တက်ထားဖို့ အခွင့်အရေး ရလာနိုင်ခြေရှိပါတယ်။

ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ဘောလုံးလောကမှာ (၁၀) စုနှစ်တစ်ခုကျော်အကြာ တစ်ဦးချင်း ပြိုင်ဆိုင်မှုတွေ ပြင်းထန်ခဲ့ကြပါတယ်။ မက်ဆီက ဘလွန်းဒီအော်ဆု (၇) ကြိမ်၊ ရော်နယ်ဒိုက ဘလွန်းဒီအော်ဆု (၅) ကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး ဘောလုံးလောကမှာ နောက်ထပ် မမြင်တွေ့နိုင်တော့တဲ့ အားပြိုင်မှုမျိုးနဲ့ ပရိသတ်တွေကို ကာလရှည် ဖျော်ဖြေသွားခဲ့တာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က