ပေါ်တူဂီကွင်းလယ်လူဟာ အသင်းအတွက် သရေတစ်မှတ်ရရှိစေမယ့် အခွင့်အရေးကို အသုံးမချနိုင်ခဲ့ဘဲ လွဲချော်ခဲ့အပြီးမှာ သူ့ရဲ့လူမှုကွန်ယက်ကတဆင့် တောငး်ပန်စကားဆိုခဲ့ပြီး အကောင်းဆုံးပုံစံနဲ့ ပြန်လာမယ်လို့ ကတိပေးခဲ့သူဖြစ်ပါတယ်။
ဗီလာနဲ့ပွဲမှာ ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် ပရိသတ်တွေကို တောင်းပန်စာအရှည်ကြီးရေးသားပြောဆိုခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ဝေဖန်သုံးသပ်သူ ဂယ်ရီနဗီးလ်က ပြစ်တင်ပြောဆိုလိုက်ပါတယ်။ ပေါ်တူဂီကွင်းလယ်လူဟာ အသင်းအတွက် သရေတစ်မှတ်ရရှိစေမယ့် အခွင့်အရေးကို အသုံးမချနိုင်ခဲ့ဘဲ လွဲချော်ခဲ့အပြီးမှာ သူ့ရဲ့လူမှုကွန်ယက်ကတဆင့် တောငး်ပန်စကားဆိုခဲ့ပြီး အကောင်းဆုံးပုံစံနဲ့ ပြန်လာမယ်လို့ ကတိပေးခဲ့သူဖြစ်ပါတယ်။
"ဘယ်လောက်ရှက်စရာကောင်းလဲ၊ ဖာနန်ဒက်စ်အနေနဲ့ သူ့ရဲ့ PR သမားကို ထုတ်ပစ်လိုက်သင့်ပါတယ်၊ စစ်မှန်မှုတွေနဲ့စကားပြောပြီး ကို်ယ့်အလုပ်ကိုယ်ဆက်လုပ်နေရမှာပါ၊ ကစားသမားတွေမှာရှိမနေနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ဖန်တီးပေးနေတဲ့ ဆက်သွယ်ရေးမန်နေဂျာတွေ ရှိနေတယ်ဗျ" လို့ဆိုကာ နဗီးလ်က ပြစ်တင်ခဲ့ပါတယ်။
နာမည်ကျော်ကစားသမားတွေဟာ သူတို့ရဲ့ လူမှုကွန်ရက်အကောင့်တွေကို ကိုင်တွယ်ပေးဖို့ မန်နေဂျာတွေ ငှားရမ်းထားတာဖြစ်ပြီး အဆိုပါလူပုဂ္ဂိုလ်တွေက လှုပ်ရှားဖန်တီးပေးနေရတာဖြစ်ပါတယ်။
ယန်းဘွိုင်းစ်နဲ့ပွဲမှာလည်း အသင်းအနိုင်ဂိုးပေးရအောင် မှားယွင်းခဲ့တဲ့ လင်ဂတ်က ပွဲအပြီးမှာ တောင်းပန်စကားတွေပြောဆိုခဲ့ပါသေးတယ်။ ဒီလိုအခြေအနေတွေပေါ်မှာ နဗီးလ်က ဝေဖန်ခဲ့တာဖြစ်ပြီး ဒီလိုတောင်းပန်နေမယ့်အစား အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီး ခြေစွမ်းပြနိုင်ဖို့ကို အာရုံစိုက်သင့်တယ်လို့ ဆိုလိုခဲ့တာဖြစ်ပါတယ်။