မြန်မာကျပ်ငွေနဲ့ဆိုပါက ၁,၂၀၀ မှ ၄,၀၀၀ အထိ ဈေးနှုန်းဖြင့် ရောင်းချသွားဖွယ်ရှိပါတယ်။

ကမ္ဘာတစ်ဝှမ်း COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေတဲ့ ယခုလက်ရှိကာလမှ နေအိမ်ပြင်ပသွားလာကြတဲ့အခါ mask များ မဖြစ်မ‌နေ တပ်ထားကြရန် လိုအပ်လာပါတယ်။

(Photo: Reuters)

ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ပြင်ပသွားလာရာမှာ mask တပ်ရန် စည်းရုံးလှုံ့ဆော်မှုများ၊ ပညာပေးမှုနဲ့ အရေးယူမှုများ ဆောင်ရွက်နေကြပါတယ်။ သို့သော် mask တပ်ပြီး စားသောက်ဆိုင်မှာ သွားရောက်စားသောက်တဲ့အခါမှာတော့ mask ချွတ်ရတာ၊ စားသောက်ပြီးတဲ့အခါ ပြန်တပ်ရတာတွေက အလုပ်များစေပါတယ်။



ထိုအဖြစ်ကို စဥ်းစားမိကြတဲ့ အစ္စရေးနိုင်ငံ တီထွင်သူတွေက ရီမုကွန်ထရိုး (remote control) ပါဝင်တဲ့ COVID-19 ကာကွယ်ရေး mask တစ်မျိုးကို တီထွင်ဖန်တီးခဲ့ကြပါတယ်။ ယခု mask ဖြင့် စားသောက်ဆိုင်ကို ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်နည်းနည်းဖြင့် သွားရောက်နိုင်ကြောင်း တီထွင်သူတွေက ပြောပါတယ်။

(Image: Pac-Man)

အဆိုပါ mask ရဲ့ ပါးစပ်နေရာကို အဖွင့်အပိတ်လုပ်နိုင်ရန် စက်ဘီးလက်ကိုင်ဘရိတ်ညှစ်သကဲ့သို့ ကိရိယာငယ်ဖြင့် လုပ်ဆောင်နိုင်ပြီး Pac-Man ဂိမ်းထဲမှ ဂိမ်းဇာတ်ကောင်ကဲ့သို့ အစားအစာ စားနိုင်မှာဖြစ်ပါတယ်။ ပါးစပ်နေရာ အဖွင့်အပိတ်လုပ်နိုင်တဲ့ mask တပ်ထားပြီး ရေခဲမုန့် သို့မဟုတ် ဟင်းအနှစ်တွေကို စားသုံးပါက ညစ်ပတ်ပေကျံနိုင်ပေမဲ့ ပိုမာတဲ့ အစားအစာ တစ်လုတ်စာကိုတော့ အဆင်ပြေပြေ စားနိုင်မယ်လို့ Reuters သတင်းက ဖော်ပြထားပါတယ်။

"ဇွန်းခက်ရင်းက mask ဆီကို ရွေ့လာချိန်မှာ mask ကို လက်ကိုင်ရီမုကွန်ထရိုးနဲ့ဖြစ်စေ၊ အလိုအလျောက်ဖြစ်စေ ပွင့်စေနိုင်ပါတယ်" လို့ Avtipus Patents and Inventions ကုမ္ပဏီရဲ့ ဒုတိယဥက္ကဌ Asaf Gitelis က မေ ၁၈ ရက်နေ့မှာ ပြောခဲ့ပါတယ်။ Asaf Gitelis က တဲလ်အဗစ်မြို့အနီးရှိ ၎င်းရဲ့ ရုံးခန်းမှာ အဆိုပါ mask ဖြင့် အစားအစာ စားသောက်မှုကို လက်တွေ့ပြသခဲ့တယ်လို့ သိရပါတယ်။

(Photo: Reuters)

"ဒီလိုမျိုး စားနိုင် သောက်နိုင်ပြီး ဇွန်ခက်ရင်းကို ခွာထုတ်လိုက်ရင် mask က ပိတ်သွားမှာပါ၊ ဒီလိုနည်းနဲ့ ဗိုင်းရပ်စ်ကူးစက်နိုင်မှုကနေ ကာကွယ်ပြီးဖြစ်ပါတယ်" လို့ ၎င်းက ရှင်းပြခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ယခု တီထွင်ထားတဲ့ mask ကို လပိုင်းအတွင်း ထုတ်လုပ်မှုစတင်သွားမှာဖြစ်ပြီး မူပိုင်တင်ထားပြီးပြီလို့ ဆိုပါတယ်။

အဆိုပါ mask တစ်ခုကို အမေရိကန်ဒေါ်လာ ၀.၈၅ မှ ၂.၈၅ (မြန်မာကျပ်ငွေ ၁,၂၀၀ မှ ၄,၀၀၀) အထိ ဈေးနှုန်းဖြင့် ရောင်းချသွားဖွယ်ရှိပါတယ်။ Reuters သတင်းဌာနက Avtipus Patents and Inventions က တီထွင်ထားတဲ့ COVID-19 ကာကွယ်ရေး mask အသုံးပြုပုံ ဆဲလ်ဖုန်းဗီဒီယိုကို တဲလ်အဗစ်မြို့ပြင်ရှိ သစ်သီးဖျော်ရည်ဆိုင်တစ်ဆိုင်မှာ စားသုံးသူတွေထံ ပြသခဲ့ရာ မတူညီတဲ့ အမြင်များရှိခဲ့ကြပါတယ်။

(Photo: Reuters)

"ဒီ mask က တပ်ထားရင်းနဲ့ပဲ စားနိုင်မယ်လို့ ထင်တယ်၊ ဒါလေးရှိရမယ်" လို့ အသက် ၃၂ နှစ်အရွယ် ဘွဲ့ရတစ်ဦးဖြစ်သူ Ofir Hameiri က ပြောပါတယ်။ သို့သော် ရေခဲမုန့်စားနေတဲ့ အသက် ၂၉ နှစ်အရွယ် ဂီတသမား Ron Silberstein ကတော့ "ဒီလို ရေခဲမုန့်မျိုးကျတော့ ဒီ mask နဲ့က အဆင်နိုင်မယ် မထင်ဘူး၊ အစက်တွေကျကုန်မှာ၊ ဒီလိုဖြစ်ပြီးရင် ဒီ mask ကို ဆက်မတပ်ချင်တော့ဘူးလေ" လို့ ဆိုပါတယ်။ အစ္စရေးနိုင်ငံမှာ COVID-19 ကူးစက်မှုတွေ သိသာစွာ လျော့ကျသွားခဲ့ပြီးနောက် စီးပွားရေးလုပ်ငန်း အများအပြားကို ပြန်လည်ဖွင့်လှစ် လုပ်ကိုင်ခွင့်ပြုထားပြီ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က