ဘောလုံးလောကမှာလည်း ဆန်းသစ်တီထွင်မှုတွေ လုပ်နေပါပြီ။

ဘိုင်ယန်မြူးနစ်အသင်းဂိုးသမားနူအာဟာ အသင်းနဲ့အတူ ၂၀၂၄ အထိ ဆက်ရှိနေမယ့် စာချုပ်သစ်ကို ချုပ်ဆိုခဲ့ပြီဖြစ်ပါတယ်။ ဒီစာချုပ်သစ်ချုပ်ဆိုခဲ့ရာမှာတော့ ထူးထူးခြားခြားဆိုသလိုပဲ နူအာက ဆိတ်အဖြူတကောင်နဲ့အတူ သူ့ရဲ့စာချုပ်သစ်ချုပ်ဆိုမှုကို တင်ဆက်ခဲ့ပြီး ပရိသတ်တွေအားလုံးကိုလည်း သဘောကျစေခဲ့ပါတယ်။ 

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျာမနီဂိုးသမားကြီးဟာ ဘိုင်ယန်မြူးနစ်အသင်းခေါင်းဆောင်လည်းဖြစ်ပြီး အသင်းနဲ့ ဘွန်ဒက်လီဂါဖလားကို ၁၀ ကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူ့ရဲ့စာချုပ်သစ်ချုပ်ဆိုမှုနဲ့ပတ်သက်ပြီး နူအာက "ဒီခရီးက ဆက်သွားဦးမှာပါ၊ ဒီနေ့မှာ ဘိုင်ယန်နဲ့အတူ ၂၀၂၄ အထိရှိနေမယ့် စာချုပ်သစ်အတွက်လည်း ကျနော်ကျေနပ်ပျော်ရွှင်ရပါတယ်"



"၂၀၁၁ ကတည်းက ဒီအသင်းရဲ့ အစိတ်အပိုင်းအဖြစ်ရှိနေခဲ့လို့ ဂုဏ်ယူမိပြီး အခုတော့ နောက်ထပ်နှစ်နှစ်ထပ်ရှိနေတော့မှာပါ၊ အသင်းနဲ့အတူ ဆုဖလားတွေထပ်မံဆွတ်ခူးဖို့အတွက်လည်း စိတ်အားထက်သန်နေပါတယ်၊ ပြီးခဲ့တဲ့ရာသီကတော့ ပြီးပြည့်စုံတဲ့ရာသီမဟုတ်ခဲ့ပါဘူး" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

နူအာဟာ ဆိတ်အဖြူကြီးနဲ့အတူ ဓာတ်ပုံရိုက်ကူးမှုတွေလည်းပြုလုပ်ခဲ့ပြီး အသင်းနဲ့အတူ သူ ရရှိထားတဲ့ ဆုဖလားတွေကိုလည်း နောက်ခံထားခဲ့ပါတယ်။ နူအာကတော့ ကစားသမားဘ၀မှာ ယူရိုကလွဲလို့ ကလပ်အသင်း၊ နိုင်ငံအသင်းနဲ့အတူ ရနိုင်သမျှဆုဖလားအားလုံးကို ဆွတ်ခူးထားတဲ့ ဂိုးသမားဖြစ်ကာ ကမ္ဘာ့အဆင့်တစ်ဂိုးသမားအဖြစ် အချိန်အတော်ကြာ ရပ်တည်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ 


၂၀၁၄ ကမ္ဘာ့ဖလား၊ ဘိုင်ယန်နဲ့အတူ ပြည်တွင်းဖလားအားလုံး၊ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးထားနိုင်ခဲ့တာပါ။ 


Share

Loading Next Article...
က္က