အခုနှစ်အတွင်းဆောက်လုပ်ပေးမှာပါ။

ကောျင်းသားကျောင်းသူတွေ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် စာသင်ကျောင်းတွေရှေ့ မျက်နှာစာလမ်းတွေမှာ မျဉ်းဝါကြားများ အခုနှစ်အတွင်း ဆောက်လုပ်ပေးမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားလိုက်ပါတယ်။



 

လမ်းဖြတ်ကူးနေကြသည့် ကျောင်းသားကျောင်းသူများ

 

စာသင်ကျောင်းတွေရှေ့မှာမျဉ်းဝါကြားများလိုအပ်နေတာကြောင့် စက်ကရိယာများအသုံးပြုကာ အခုနှစ်အတွင်း စတင်ပြုလုပ်ပေးသွားမယ်လို့  ရန်ကုန်မြို့တော်ဝန် ဦး မောင်မောင်စိုးက ပြောပါတယ်။

အောက်တိုဘာ ၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာ ခရမ်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှတိုးက ရန်ကုန်တိုင်းအတွင်းရှိ စာသင်ကျောင်းတွေရဲ့ မျက်နှာစာလမ်းမှာ မျဉ်းဝါကြားတွေကို စည်ပင်သာယာအတွင်းက ကျောင်းရှေ့တွေသာမကဘဲ စည်ပင်သာယာနယ်နမိတ်ပြင်ပက စာသင်ကျောင်းတွေရဲ့ ဝင်ပေါက်၊ထွက်ပေါက်ရှေ့လမ်းတွေမှာပါ မျဉ်းဝါးကြား ဆွဲပေးဖို့ အစီအစဉ်ရှိ၊မရှိ သိလိုကြောင်း မေးမြန်းရာ မြို့တော်ဝန်က အခုလို ဖြေကြားခဲ့တာပါ။

 

မြို့တွင်းတစ်နေရာရှိ လူကူးမျဉ်းကြား

 

 

“ အားနည်းချက်ကဘာရှိလဲဆိုလို့ရှိရင် ကျောင်းရှေ့က ဂိတ်အဝင်အဝက မြေပြင်ဖြစ်မယ်ဆိုလို့ရှိရင်တော့ မြေပြင်ပေါ်မှာတော့ မျဉ်းဝါကြားဆွဲလို့မရပါဘူး။ အကယ်၍ ကျောင်းရှေ့မှာ ကတ္တရာလမ်းရှိမယ်၊ ကားသွားလမ်းရှိရင်တော့ အဲ့ဒီ့မှာတော့ မျဉ်းဝါကြားဆွဲပေးပါ့မယ်။ သို့သော်လည်း မျဉ်းဝါကြားဆွဲတဲ့နေရာတော့ စက်လိုပါတယ်။ အဲ့ဒီ့စက်အတွက်လည်း ကျွန်တော်တို့ တိုင်းစည်ပင်မှာမရှိတဲ့အတွက်ကြောင့်မလို့ စည်ပင်သာယာရေးဝန်ကြီးအနေနဲ့ YCDC က စက်ကိုယူပြီးတော့ တိုင်းစည်ပင်မှာ ဒီနှစ်ထဲမှာ သုံးပေးပါ့မယ်။ ဒီနှစ်ထဲမှာစပြီး လုပ်ပေးပါ့မယ်” လို့ ရန်ကုန်မြို့တော်ဝန်ကပြောပါတယ်။

 

မြို့တွင်းတစ်နေရာက လူကူးမျဉ်းကြား

 

စည်ပင်သာယာမှာ မြို့တော်စည်ပင်သာယာရေးအဖွဲ့(YCDC)နှင့် တိုင်းစည်ပင်ဆိုပြီး နှစ်ဖွဲ့ရှိပြီး တိုင်း စည်ပင်က ဘတ်ဂျတ်လည်းနည်းပါးကာ ဖွံ့ဖြိုးမှုလည်းနောက်ကျနေတယ်လို့ ဆိုပါတယ်။

လူနေမှုအဆင့်အတန်းကိုမြို့ပြအဆင့် နှင့် တိုင်းတာပါက ကွာဟနေပြီး ကွာဟချက်နည်းနိုင်သမျှနည်းရန် လုပ်ဆောင်ရာမှာ ကျောင်းရှေ့တွေမှာ မျဉ်းဝါကြား (Yellow Box)များလည်း လိုအပ်နေတာကြောင့် ယခုနှစ်ဘက်ဂျက်မှာ ထည့်သွင်းရေးဆွဲထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က